Intro - Unicode

96.7K 2.4K 10
                                    

Honey ကတော့ ဟန်နီဆိုတဲ့အတိုင်း ချိုချိုမြမြပျားရည်လိုအပုဒ်ကလေးဖြစ်မှာပါပဲ။

ကျွန်တော်ကိုယ်တိုင်ကလည်း ဒီလိုပုံစံတွေကိုပဲကျွမ်းကျင်တာမို့ ခပ်အေးအေးပုံစံကလေးဖြစ်နေမှာ သေချာပါတယ်။ ဒါပေမဲ့ အရင်သုံးပုဒ်နဲ့ မတူတဲ့ ခံစားချက်ကိုပေးနိုင်ဖို့တော့ အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။

Honey မှာ Main Cha နှစ်ယောက်က အသက်သုံးဆယ်အရွယ် တိကုဆရာ၀န် မြင့်မြတ်ပိုင်နောင်နဲ့ ချစ်စရာကြောင်လေးတစ်ကောင်ကိုပိုင်ဆိုင်ထားတဲ့ ဆယ့်ရှစ်နှစ်အရွယ် အင်ဂျင်နီယာကျောင်းသားလေး သျှင်မင်းသန့်အကြောင်းပဲဖြစ်ပါတယ်။

အသက်ဆယ့်နှစ်နှစ်ကွာတဲ့  သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးက ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်လည်းပြောမပြတတ်ပါဘူး။ ဘာလို့ဆို ကျွန်တော်လည်း မတွေးရသေးလို့ပါ။ (စတာပါ ဟီး) 

ပြောရရင်တော့ သျှင်မင်းသန့်က အမိရော၊အဖရောမရှိတော့ဘဲ အဘိုးနဲ့ပဲနေတဲ့သူ။ အဲ့အဘိုးဖွင့်ထားတဲ့ ပန်းဆိုင်ကလေးကို ကူရင်း ကျောင်းတက်နေတဲ့ကျောင်းသားလေး။

အဲ ဦးမြင့်မြတ်ပိုင်နောင်ကကျ ချမ်းသာသလားဆိုတော့လည်း သူကျတော့လည်း သိပ်အချမ်းသာကြီးတော့မဟုတ်ပါဘူး၊ တိကုဆရာ၀န်ဆိုတော့လည်း အထိုက်အလျောက်၀င်ငွေတော့ရှိတဲ့သူပါ။ အများကြီးပြောပြထားလည်း ရေးချင်ရာရေးတတ်တဲ့လူမို့ ကျွန်တော်ဒီလောက်ထိပဲပြောပါတော့မယ်ဗျ။

ဖတ်‌ပြီး ဦးမြင့်မြတ်ပိုင်နောင်နဲ့ သျှင်မင်းသန့်လေးကိုချစ်ပေးကြပါဦး ခင်ဗျာ။

@OliviaThet-Eleanor

_______________________________

HONEYDonde viven las historias. Descúbrelo ahora