Chapter 13 - Unicode

6.3K 537 6
                                    

မြင့်မြတ်ပိုင်နောင်၏ နေ့စဥ်ဘ၀သည် ခါတိုင်းလိုပင်၊ ဆေးခန်းသွားလိုက်၊ အိမ်ပြန်လာလိုက်နှင့်သာ အချိန်ကုန်လာခဲ့၏။ မတူသည်က ဆေးခန်းသို့ပန်းလာပို့ပြီး သူ့ကိုမျက်လုံးလေးပင့်ကာရှာနေမည့် ကောင်လေးကို မျှော်နေရခြင်းပင်။

ထို့ပြင် ညအိပ်ခါနီးတွင် အင်းတစ်လုံးတည်းသာ စာပြန်ရင်း ထိုကောင်လေးပြောသမျှကို ထိုင်နားထောင်နေပေးနေမိသည်မှာလည်း တစ်လလောက်ပင်ရှိနေလေပြီ။

"ဦးလေးကြီး"

ဆေးခန်းကိုစောစောရောက်အောင်သွားပြီး ထိုကောင်လေးလာသည့်အခါတွင် သူသတိမထားမိသလိုဟန်ဆောင်လိုက်ရသေးသည်။ ထို့နောက်မှ ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး အနားကိုလမ်းလျှောက်သွားလိုက်သည်။

"အင်း ချာတိတ်"

"ဟန်နီ့ကို ကာကွယ်ဆေးထိုးပေးဖို့"

ပြောစရာစကားက မထွက်တာကြောင့် ပါးစပ်ထဲရှိရာကို သျှင်မင်းသန့် ပြောချလိုက်သည်။

"ဟန်နီက ဟိုတလောကမှ ထိုးထားတာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ အဲဒါထပ်ထိုးဖို့"

ဟန်နီ့ကိုအရင်ကာကွယ်ဆေးထိုးပေးခဲ့တာ ဒီမှာပဲမို့ သျှင်မင်းသန့်ပိုပြီးအခက်တွေ့ရလေသည်။ သူတွေးပုံအရဆိုလျှင် ဟန်နီက ကာကွယ်ဆေးကိုနှစ်ခါထိုးရတော့မည့်ပုံ။

"ကာကွယ်ဆေးက အဲဒါဆိုမလိုသေးဘူးလေ"

"သြော် ဟီး အဲ့လိုလား"

သျှင်မင်းသန့် ကြံရာမရသည့်အဆုံး အရူးကွက်နင်းကာ သွားလေးဖြဲပြီး ရယ်ပြလိုက်၏။

"ပြီးတော့လေ"

"အင်း ပြောလေ"

"ဒီတစ်ခေါက်ပိတ်ရက်ကျ"

"အင်း"

"ရုပ်ရှင်သွားကြည့်ကြမလား"

ဖြစ်ချင်ရာဖြစ်တော့ဆိုသည့်စိတ်နှင့် သျှင်မင်းသန့် သူဖြစ်ချင်တာကိုပြောချလိုက်သည်။

"ဟင်"

"ဟေမာန်တို့နဲ့အတူတူသွားဖို့လုပ်ထားပေမဲ့ သူတို့က အတန်းတွေရှိနေတာမို့ မလိုက်ဘူးဆိုလို့ အဲ..ဒါ"

HONEYWhere stories live. Discover now