Chapter 3 - Unicode

8K 678 10
                                    

"လပြည့်နေ့ကျ ဘာလုပ်စားကြမလဲ?"

ဟေမာန်ဦးစကားကြောင့် သျှင်မင်းသန့်ရော၊ ရာဇာလင်းရော ခေါင်းထောင်လာကြသည်။ သူတို့အဖွဲ့ ကျောင်းပိတ်တုန်း အဘိုးကို ပန်းဆိုင်ကူစောင့်ပေးနေကြခြင်းဖြစ်သည်။ သီတင်းကျွတ်ကျောင်းပိတ်ရက်ကစပြီမို့ သုံးယောက်လုံးစာလုပ်ဖို့လည်း ခေါင်းထဲရှိကြပုံမပေါ်။

"မုန့်ဟင်းခါး"

ရာဇာလင်းက အားတက်သရောထပြောတော့ ကျန်နှစ်ဦးက မျက်စောင်းကိုအပြိုင်အဆိုင်ထိုးလိုက်ကြ၏။

"လာပြန်ပြီ မုန့်ဟင်းခါး နင်မုန့်ဟင်းခါးကို အဲ့လောက်ကြိုက်လား?"

ဟေမာန်ဦးကမေးတော့ ရာဇာလင်းက တပ်ထားသည့် မျက်မှန်လေးပြုတ်ကျမတတ်ပင် ခေါင်းညိတ်ပြသည်။ ရာဇာလင်း မုန့်ဟင်းခါးကြိုက်တတ်ပုံက သိသူများသြချလောက်အောင်ပင်။ ဟေမာန်ဦးကတော့ ခေါင်းသာခါသည်။ 

ကန်တင်းထိုင်လည်း မုန့်ဟင်းခါးသာစားသည်။ လမ်းဘေးဆိုင်သွားလည်း သူမှာသည်က မုန့်ဟင်းခါးပင်။ BBQ သွားစားရင်တောင် မုန့်ဟင်းခါးရလားမေးတတ်သေးသူမို့ သူတို့လည်း တကယ်မနိုင်ချေ။ ထို့ပြင် ပဲပင်ပေါက်များများက အစစ်တောင်းတတ်သေးသည်။

"မင်းကလည်း မုန့်ဟင်းခါးတော့မလုပ်ပါနဲ့ ဟော့ပေါ့ဖြစ်ဖြစ်စားရအောင်ပါ"

"မင်းတို့သဘောပဲ"

မုန့်ဟင်းခါးမစားရသူသည် စိတ်ကောက်သွားဟန်ရှိသော်လည်း သျှင်မင်းသန့်တို့ မလိုက်လျောနိုင်ပါချေ။ တစ်လကိုဆယ့်ငါးရက်လောက် မုန့်ဟင်းခါးစားနေသည့် ရာဇာလင်းအတွက်လည်း သွေးတိုးနေမည်ကိုပဲ စိတ်ပူနေရ၏။

ထိုအချိန်တွင် သျှင်မင်းသန့်စိတ်ထဲ၌ မြင့်မြတ်ပိုင်နောင်လည်း သီတင်းကျွတ်ကျရင် ဘာလုပ်မလဲဟု အတွေးထဲ၀င်လာရသည်။ သက်ဆိုင်သူများရှိနေခဲ့ရင် သီတင်းကျွတ်အလွန်ကျ ထိုလူကြီးက လက်ထပ်သွားလေမလားဟု အတွေးများနေရသည်။ 

ထို့ကြောင့် အခုထိ သူ့ကိုလက်မခံသေးသည့် MM Paing Naung ဆိုသည့် Account ကိုသွားသွားချောင်းနေရသည်။ ဖိတ်စာများသာ တက်လာရင် သျှင်မင်းသန့်ရင်ကျိုးရမည်ပင်။

HONEYWhere stories live. Discover now