Chapter 37 - Unicode

4.4K 358 2
                                    

"ချာတိတ် ထတော့"

"ဦးလေးကြီးကလည်း"

သျှင်မင်းသန့် မျက်လုံးကို ပွတ်ကာ ဖွင့်ကြည့်လိုက်မိတော့ မြင့်မြတ်ပိုင်နောင်သည် ဘယ်အချိန်ကတည်းက နိုးနေသည်မသိ၊ မျက်နှာပင် သစ်ပြီးနေပြီဖြစ်သည်။ သူ့ဘေးနားကို၀င်လာကာ နဖူးကို လာနမ်းတော့ သွားတိုက်ဆေးနံ့သင်းသင်းကို ရလိုက်၏။

"မထချင်ဘူး"

"ချာတိတ်က တအား နှိုးရခက်တယ်"

သူပြောလိုက်တော့ သျှင်မင်းသန့်က ခေါင်းကုတ်ကာ ငုတ်တုတ်ထထိုင်သည်။

"ဦးလေးကြီးနော်"

သျှင်မင်းသန့် သမ်းလိုက်ရင်း မျက်စောင်းထိုးလိုက်မိသည်။ နှိုးရခက်သည်ကို မပြောနှင့်၊ မြင့်မြတ်ပိုင်နောင် သူ့ကို အိပ်ရာထစေချင်သည့်အချိန်က မနက်ခြောက်နာရီဖြစ်သည်။ အဘိုးဖြစ်သူနှင့် နေတုန်းကပင်  မနက် ခုနစ်နာရီခွဲရှစ်နာရီမှထသူအား မြင့်မြတ်ပိုင်နောင်က ခြောက်နာရီလောက်ဆို နှိုးပြီဖြစ်သည်။

"ဦးလေးကြီးက အစောကြီး နှိုးတာကြီး"

"တစ်ခါတလေမှပါ"

သျှင်မင်းသန့်လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ အိပ်ရာထဲနောက်ကျသည်အထိနေရသည့်နေဆိုသည်မှာ မြင့်မြတ်ပိုင်နောင်လည်း ပျင်း၊ သူလည်းပျင်းသည့် တစ်လတစ်ခါမပြည့်သည့်နေ့များတွင်သာဖြစ်သည်။

အသက်ကွာသည့် လူကြီးတွေနှင့် နေရတာ ဒါတော့ သိပ်မဟန်ချေ။ မြင့်မြတ်ပိုင်နောင်က ညဆိုလျှင် ဆယ်နာရီကျော်သည်အထိ နေလျှင်ပင် မကြိုက်။ သျှင်မင်းသန့်အား ကိုးနာရီလောက်ဆိုလျှင် အိပ်ဖို့ ဆော်သြပြီဖြစ်သည်။ ထိုနည်းတူ မနက်ခင်းတိုင်းတွင်လည်း ခြောက်နာရီ၊ ခြောက်နာရီခွဲလောက်ဆိုလျှင်လာနှိုးသည်။ 

မြင့်မြတ်ပိုင်နောင်ကြောင့် သျှင်မင်းသန့်ပင် စောစောအိပ်လို့၊ စောစောထလို့ အကျင့်ပါနေပြီဖြစ်သည်။ သို့သော် အခုက ခရီးထွက်လာသည်ဖြစ်တာမို့ သူ့အား အစောကြီး နှိုးလာလိမ့်မည်ဟု တွေးထင်မထားခဲ့။

"စောစောထတာ ခေါင်းကြည်တယ် ချာတိတ်ရဲ့"

"ဟုတ်လို့လား"

HONEYWhere stories live. Discover now