Chapter 15 - Unicode

21K 1.4K 29
                                    

"ကောင်လေး"

"ခင်ဗျား ဘာလဲဗျာ"

အတင်းယူသွားသည့်ဖုန်းနံပါတ်နှင့် သူ့ကိုဆက်လာသည့် ဇေယျာမင်းကြောင့် ရာဇာလင်းစိတ်ရှုပ်သွားရသည်။ ဖုန်းနံပါတ်ကလည်း ဟိုတစ်နေ့က ကော်ဖီ၀ယ်တိုက်ရင်း အတင်းလုယူကာ သူ့ဖုန်းကိုလှမ်းဆက်ပြီး မတရားသဖြင့်ယူသွားခြင်းပင်။

"ကိုယ့်ကိုတစ်ခုကူညီဦး"

"ဘာလို့လဲ"

ရာဇာလင်း ခပ်ဆောင့်ဆောင့်ကလေးပင်ပြန်ပြောလိုက်သည်။

"ကိုယ့်အမေက ကောင်မလေးနဲ့သွားချိန်းတွေ့ခိုင်းနေပြန်ပြီ"

"အဲဒါသွားလိုက်လေ ဘာခက်လို့လဲ"

သူပြောလိုက်တော့ တစ်ဖက်က စိတ်အလိုမကျသံထွက်လာသည်။

"ကိုယ်မသိတဲ့ကောင်မလေးကွာ"

"သြော် ကြင်ဖက်တွေ့သလိုလား"

"အင်း အဲ့လိုမျိုးပဲ"

ရာဇာလင်း ခေါင်းကိုညိတ်လိုက်သော်လည်း ဇေယျာမင်းသူ့ကိုဖုန်းခေါ်ရသည့်အကြောင်းအရင်းကို တကယ်နားမလည်။

"အဲဒါ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ"

"မင်းကို အကူအညီတောင်းချင်လို့ပေါ့ကွ"

"အကူအညီတောင်းချင်နေတဲ့လူရဲ့ လေသံက နည်းနည်းမာနေသလိုပဲ"

"မဟုတ်ပါဘူးကွာ ကိုယ့်ကိုကူညီပါဦး"

"ဘယ်လိုကူညီရမှာလဲ"

သူမေးလိုက်တော့ တစ်ဖက်လူ၏အသံက ခဏလောက်တိတ်ဆိတ်သွားသည်။ ထို့နောက် ခဏအကြာတွင် စိတ်ပိုင်းဖြတ်ထားသည့်အသံနှင့် ပြောလိုက်သည်က ရာဇာလင်းကိုပင် ကြောင်အသွားစေ၏။

"ကိုယ့်ကောင်လေးလုပ်ပေး"

"ဟင်"

"ကိုယ့်ကောင်လေးလုပ်ပြီးလိုက်ခဲ့ပေး အဲ့နေရာကို"

"ခင်ဗျား ရူးနေလား"

"ကိုယ်မရူးပါဘူး"

"ကျွန်တော်တော့ ရူးနေတယ်ထင်တာပဲ"

ဖုန်းကို ခပ်ခွာခွာလေးထားလိုက်ရင်း ရာဇာလင်းခေါင်းရမ်းကာ ဖုန်းမျက်နှာပြင်ကို မျက်နှာရွဲ့ရင်းကြည့်နေမိသည်။

HONEYWhere stories live. Discover now