Chapter 27 - Unicode

18.8K 1.2K 36
                                    

"ချာတိတ် ကိုယ်ဆေးခန်းမသွားခင် ကျောင်း၀င်ပို့ထားခဲ့မယ်နော်"

"ဦးလေးကြီး ကျွန်တော်မနက်စာလုပ်ထားတယ်"

မသိလျှင်သူတို့နှစ်ယောက်ကလက်ထပ်ခါစ ကြင်စဦးမောင်နှံလိုပင်။ 

"ဦးလေးကြီး"

"Yes, love"

သူလုပ်ထားသည့်ပေါင်မုန့်ကြက်ဥကြော်ကို စားနေသည့် မြင့်မြတ်ပိုင်နောင်ဘေးတွင်၀င်ထိုင်လိုက်ကာ သျှင်မင်းသန့်ခေါ်လိုက်သည်။ 

"ဦးလေးကြီး အိမ်မပြန်တော့ဘူးလား"

"အင်း"

သျှင်မင်းသန့်ပြန်စေချင်လွန်း၍မဟုတ်၊ မြင့်မြတ်ပိုင်နောင်မှာလည်း မိုးမြတ်နောင်နှင့် နှစ်ယောက်တည်းနေတာဖြစ်သည်။ အကယ်၍ မြင့်မြတ်ပိုင်နောင်သာ သူ့ဆီလာနေလျှင် မိုးမြတ်နောင်က တစ်ယောက်တည်းဖြစ်နေလိမ့်မည်။ ထို့ပြင်သူ့အတွက်နှင့် မြင့်မြတ်ပိုင်နောင်အား အခက်မတွေ့စေလို။

"ကျွန်တော်က အဆင်ပြေ..."

"ကိုယ် စိတ်မချဘူး"

"တီချယ်ကျတော့ တစ်ယောက်တည်း"

"မမက သော်တာ့ကိုအိမ်ငှားခေါ်တယ်မယ်ပြောတယ်၊ ပြီးတော့ ကိုယ်က အစကတည်းက မမနဲ့အိမ်ခွဲနေဖို့ပြောထားပြီးသားပါ နည်းနည်းလေးစောသွားရုံပဲ"

မြင့်မြတ်ပိုင်နောင်ကပြောရင်း သျှင်မင်းသန့်လက်ကို ဆုပ်ကိုင်လာသည်။

"ချာတိတ်ခေါင်းသေးသေးလေးထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ ကိုယ်အကုန်သိတယ်"

မြင့်မြတ်ပိုင်နောင်စကားကြောင့် သျှင်မင်းသန့်ပြုံးလိုက်မိ၏။

"ချစ်တယ် ဦးလေးကြီးကို"

သျှင်မင်းသန့်ကပြောရင်းမြင့်မြတ်ပိုင်နောင်ရင်ခွင်ထဲကိုတိုး၀င်ဖက်လာတာမို့ မြင့်မြတ်ပိုင်နောင်က ရှေ့ကပေါင်မုန့်ကြက်ဥကြော်ပန်းကန်ကိုတွန်းဖယ်လိုက်ကာ သျှင်မင်းသန့်ဘက်ကိုလှည့်လာသည်။ ထို့နောက် ကျောလေးကိုအသာပုတ်ပေးရင်း ခေါင်းကိုငုံ့နမ်းလိုက်၏။

"ငချွဲလေးပါလား ဟမ်"

"ဦးလေးကြီးမို့ ချွဲတာ"

HONEYWhere stories live. Discover now