Chapter 22 - Unicode

6.2K 532 33
                                    

မြင့်မြတ်ပိုင်နောင် သူ့ရင်ခွင်ထဲတွင်ရှိနေသည့် သျှင်မင်းသန့်ကို အသာလေးဖက်ထားပေးမိသည်။ ငိုထားတာကြောင့် ထင်၏၊ နှာခေါင်းတရှုံ့ရှုံ့နှင့် ယုန်ပေါက်လေးလိုဖြစ်နေသည်မှာ အသည်းယားစရာကောင်းလှသည်။

"ဦးလေးကြီး"

"yes, love"

အတန်ကြာအောင်တိတ်ဆိတ်သွားပြီးမှ သျှင်မင်းသန့်ခေါ်လိုက်မိသည်။ မြင့်မြတ်ပိုင်နောင်၏အသံကခပ်နွမ်းနွမ်းပင်။

"ပင်ပန်းနေတာလား"

"ဟင့်အင် မ‌ပင်ပန်းပါဘူး"

"ကျွန်တော့်ကြောင့် ဦးလေးကြီးမနားရတော့ဘူး"

သျှင်မင်းသန့်စကားကြောင့် မြင့်မြတ်ပိုင်နောင် သျှင်မင်းသန့်မျက်နှာကလေးကိုခွာလိုက်ကာ ဆံပင်တွေကိုသပ်တင်ပေးလိုက်သည်။

"ကိုယ်က ချာတိတ်ဆီလာရတာ‌ ပျော်ပါတယ်"

"ကျွန်တော်လည်းဦးလေးကြီးကိုတွေ့ရတာပျော်တယ်"

သျှင်မင်းသန့်ကပြောရင်း မြင့်မြတ်ပိုင်နောင်ကို ပိုတိုးလို့ဖက်လာသည်။ မြင့်မြတ်ပိုင်နောင် ခေါင်းလေးကိုခပ်ဖွဖွနမ်းလိုက်ပြီး ပြုံးလိုက်မိ၏။

သျှင်မင်းသန့် မြင့်မြတ်ပိုင်နောင်ရင်ခွင်ထဲ ဝင်နေရင်းမှ မြင့်မြတ်ပိုင်နောင်၏ ဘောင်းဘီထဲက တုန်ခါမှုကိုခံစားလိုက်ရသည်။

"ဦးလေးကြီး"

"yes, love"

"ဖုန်းလာနေတယ်ထင်တယ်"

သူပြောလိုက်မှ မြင့်မြတ်ပိုင်နောင်က သူ့ဘောင်းဘီအိတ်ကပ်ထဲရှိ vibrate လုပ်ထားသည့်ဖုန်းကို ထုတ်ကြည့်သည်။

"အင်း"

"ငါ ချာတိတ်ဆီရောက်နေတာ"

"အင်း မစောင့်နဲ့ အိပ်တော့"

မြင့်မြတ်ပိုင်နောင် ဖုန်းချလိုက်ပြီး ပိတ်မယ်လုပ်တော့ သျှင်မင်းသန့်က ဖုန်းကိုဆွဲယူကာ သူ့ရင်ခွင်ထဲကထွက်ပြီးကြည့်သည်။

သူ့ဖုန်းထဲက Wallpaper ကိုကြည့်ပြီး သူ့ကိုတစ်လှည့်ကြည့်လာသည့်အခါ မြင့်မြတ်ပိုင်နောင် လက်ညှိုးနှင့် နဖူးစပ်ကိုကုတ်ရင်း လူမိသလိုပြုံးလိုက်မိ၏။

HONEYWhere stories live. Discover now