Chapter 2 - Unicode

9.6K 682 17
                                    

မြင့်မြတ်ပိုင်နောင်သည် ကျန်းမာရေးလိုက်စားသည့်လူတစ်ယောက်ဖြစ်တာမို့ ဘယ်ရာသီမဆို မနက်ပိုင်းထပြေးလေ့ရှိသည်။ နေထိုင်သည့်ရပ်ကွက်ကလည်း လူသိပ်မများတာမို့ မြင့်မြတ်ပိုင်နောင်အတွက် အတော်အဆင်ပြေသည်။ မိုးအကုန်၊ ဆောင်းအကူးကာလဖြစ်သော်လည်း သိပ်တော့ချမ်းမနေချေ။

ထို့ကြောင့် ၀တ်နေကျ အားကစားဘောင်းဘီ ဒူးပြတ်လောက်နှင့် တီရှပ်ကိုသာ၀တ်ပြီး ထွက်လာခဲ့၏။ ဘောင်းဘီအိတ်ထဲကိုစနစ်တကျထည့်ထားသည့် ဖုန်းတွင် playlist တစ်ခုကိုဖွင့်ထားပြီး နားတွင်လည်း earphone အဖြူတစ်ခုကို ချိတ်ထားသည်။

မြင့်မြတ်ပိုင်နောင်သည် အလွန်ကြည့်ကောင်းသည့် လူလတ်ပိုင်းတစ်ယောက်သာလျှင်ဖြစ်သည်။ မနက်ခင်းမို့ ဘေးခွဲထားတတ်သည့်ဆံပင်တို့က နဖူးပေါ်အကုန်၀ဲကျနေသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း တောင့်ကနှင့်ဖြစ်သွားသည့် ခြေသလုံးကြွက်သားတို့ကား အသားဖြူသည့်လူမို့ ရဲကနဲ့ဖြစ်သွားသည်ဟုပင်ခံစားရချေသည်။

တီရှပ်အောက်တွင်ဖုံးကွယ်နေသောရင်အုပ်သည် အရပ်မြင့်သည့် မြင့်မြတ်ပိုင်နောင်၏ ခန္ဓာကိုယ်အချိုးအစားနှင့် ပနံသင့်သည်ထက်ပင်ပို၏။ အသက်ကိုမှန်မှန်ရှူနေတာမို့ ဖွင့်လိုက်စေ့လိုက်လုပ်နေသော ပါးစပ်နှင့်အတူ မေးရိုးတွေက ထင်းကနဲ့ပေါ်လာသေးသည်။ 

ပြေးနေကျလမ်းကြားထဲထဲချိုးကွေ့ပြေးနေတုန်းမှာပင် သူ့ဆီကိုပြေးလာသည့် လုံးလုံးလေးကို လှမ်းမြင်လိုက်ရတာမို့ မြင့်မြတ်ပိုင်နောင်၏ ကျုတ်ထားသည့် မျက်ခုံးတွေက ပြေလျော့သွားသည်။ ထို့နောက် အရှိန်ကိုသိသိသာသာလျှော့လိုက်ပြီး လမ်းလျှောက်လိုက်၏။

ကော်ဖီနှင့်အဖြူရောင်စပ်သည့်ကြောင်ကလေးကိုမြင်တော့ ပိုင်ရှင် သခင်ပေါက်စလေးကိုပင် သူ့စိတ်ထဲဖြတ်ကနဲ့တွေးမိသွားသည်။ သို့သော် ဟန်နီက သူ့နားရောက်လာပြီဖြစ်တာမို့ ထိုင်ချလိုက်ပြီး ပွေ့ယူလိုက်၏။

"ဟန်နီ အိမ်ပြောင်းလာတာမကြာသေးဘဲ ဒီလိုလျှောက်သွားနေလို့ ဖြစ်တယ်လားကွ ဟမ်"

HONEYWhere stories live. Discover now