Chapter 8 - Unicode

7.2K 613 11
                                    

သီတင်းကျွတ်လပြည့်ညသည် သာသာယာယာပင်ကုန်ဆုံးသွားသည်။ မြင့်မြတ်ပိုင်နောင်နှင့် အတူရှိနေခဲ့ရသည့် အချိန်ခဏကိုလည်း မေ့နိုင်မည်ပင်မဟုတ်ချေ။ ညရှစ်နာရီလောက်တွင် မြင့်မြတ်ပိုင်နောင်ရော၊ မိုးမြတ်နောင်ရော ပြန်သွားကြသည်။

သို့သော် သျှင်မင်းသန့်ကတော့ ဖယောင်းတိုင်မီးတူတူထွန်းတုန်းကခဏလောက်ရောက်ရှိသွားခဲ့ရသည့် နွေးထွေးမှုနှင့် အတူတူဘေးချင်းကပ်လျက်ထိုင်သည့်အချိန်က ရရှိခဲ့သည့် ရနံ့သင်းသင်းဆီက ရုန်းမထွက်နိုင်သေးချေ။ 

သျှင်မင်းသန့်အခန်းတွင် ဟေမာန်ဦးက ခုတင်ပေါ်အိပ်ပြီး သျှင်မင်းသန့်နှင့် ရာဇာလင်းက ဘေးတစ်ဖက်တစ်ချက်စီအိပ်သည်။ မည်သို့ပင်  ဟေမာန်ဦးက သူတို့ထက် ထောင်ထောင်မောင်းမောင်းရှိစေကာမူ မိန်းကလေးဖြစ်တာမို့ ခုတင်ပေါ်သာအိပ်စေလိုက်သည်။ 

"မင်းသန့်"

"အင်း ပြော"

သူငယ်ချင်းသုံးယောက် မျက်နှာကျက်ကိုကြည့်နေရင်းမှ ဟေမာန်ဦးဆီက အသံထွက်လာသည်။

"နင် တကယ် ချယ့်မောင်ကို သဘောကျနေတာလား"

"အင်း"

"စိတ်ကစားတာရော မဖြစ်နိုင်ဘူးလား"

ရာဇာလင်း၏စကားကြောင့် သုံးယောက်လုံးတိတ်ဆိတ်သွားမိကြသည်။ သျှင်မင်းသန့်ကိုယ်တိုင်လည်း ထိုကိစ္စကို တွေးနေမိသည်သာဖြစ်သည်။

"အင်း"

သျှင်မင်းသန့်ထံမှ သက်ပြင်းချသံတစ်ချက်ထွက်ပေါ်လာကာ သုံးယောက်လုံးတိတ်ဆိတ်သွားသည်။ ဆယ့်ရှစ်နှစ်ပြည့်ကာစလေးတွေအတွက် စိတ်ကစားသည်ဆိုသည့် အရာက ဖြစ်လေ့ဖြစ်ထရှိသည့်သဘောသဘာ၀ပင်။

"မဟုတ်ဘူးကွာ ငါတို့ကိုယ်တိုင်လည်း စိတ်ကစားကြတာပဲ ပြီးတော့ အဲ့လူကြီးက မင်းထက် ဆယ့်နှစ်နှစ်တောင်ကြီးတာ"

"ငါအများကြီးတွေးမနေချင်ဘူး"

သျှင်မင်းသန့်၏အသံတိုးတိုးကထွက်လာပြီးနောက် ဟေမာန်ဦးက လက်ထောက်ပြီးထလာကာ၊ ရာဇာလင်းကလည်း ငေါက်ကနဲ့ထကြည့်လာသည်။

HONEYWhere stories live. Discover now