Chapter 36 - Unicode

4.8K 376 1
                                    

"ချာ တိတ်"

"ဘာတုန်း"

"ပြောစကားနားထောင်ကွာ"

အင်္ကျီတွေထည့်နေရင်း ကုတင်ဟိုဘက်စွန်းဒီဘက်စွန်းထိုင်ကာ ခရီးဆောင်အိတ်ကြီးခြားလျက် အချေအတင်ဖြစ်နေကြခြင်းပင်။

"ဦးလေးကြီးကသာ ပြောမရတာ"

"ကိုယ်က ဘယ်သူ့အတွက်ပြောနေတာမို့လဲ"

"ကျွန်တော်ကရော ဘယ်သူ့အတွက်ပြောနေတာမို့လဲ"

မြင့်မြတ်ပိုင်နောင် သက်ပြင်းကိုသာ ချလိုက်မိ၏။ သျှင်မင်းသန့်ကလည်း လက်ပိုက်ကာ မျက်စောင်းကလေးနှင့် ကြည့်၏။

"အဲဒါ ငယ်ငယ်ကပါ ချာတိတ်ရာ၊ အခု မဟုတ်ဘူး"

"ဘယ်လိုနေနေလေ"

"ချာတိတ်!"

"မအော်နဲ့လို့"

"မြောင်"

သခင်နှစ်ယောက်အချေအတင်ဖြစ်နေကြသည်ကို မမြင်ဖူးသည့်အလား ခုတင်အောက်မှ မျက်လုံးပြူးကလေးနှင့် ထိုင်ကြည့်နေတော့သည်။ 

"ချာတိတ် မဆိုးနဲ့ကွာ"

"ဦးလေးကြီးလည်း ခေါင်းမမာနဲ့လေ"

မြင့်မြတ်ပိုင်နောင် ခေါင်းရှုပ်လာရပြီဖြစ်သည်။ မနက်ဖြန်က အရမ်းကပ်လွန်းသည်ဟူသည့် စကားကြောင့် ပုဂံသွားမည့် ခရီးကို နောက်တစ်ရက်ရွေ့လိုက်ကြသည်။ ပြဿနာက ဘာမှာစလဲဆိုလျှင် ဘာနှင့်သွားကြမလဲဆိုသည့်နေရာပင်ဖြစ်သည်။

မြင့်မြတ်ပိုင်နောင်က သျှင်မင်းသန့် ကားမူးတတ်သည်ကိုသိကာ လေယာဥ်နှင့်သွားဖို့ စီစဥ်ထားပြီးပြီဖြစ်သည်။ သို့သော် သျှင်မင်းသန့်အား မိုးမြတ်နောင်က မြင့်မြတ်ပိုင်နောင် လေယာဥ်မစီးနိုင်သည့် အကြောင်းကို ဘယ်အချိန်က ဦးနှောက်ဆေးပေးလိုက်သည်မသိ။ သျှင်မင်းသန့်သည် ကားနှင့်သာသွားဖို့ တွင်တွင်ပြောတော့သည်။

မြင့်မြတ်ပိုင်နောင် လေယာဥ်မစီးနိုင်ဘူးဆိုသည်မှာ လွန်ခဲ့သည့် ဆယ့်ငါးနှစ်လောက်ကသာဖြစ်သည်။ မိုးမြတ်နောင် ခရီးသွားစဥ်က လိုက်သွားရင်း ပထမဆုံးမို့ နောက်နေ့တွင် ဖျားသွားရုံသာ။ ထို့နောက်တွင်တော့ လေယာဥ်စီးလျှင် မအီမသာဖြစ်တတ်ရုံသာ၊ ဆိုးဆိုးရွားရွားမဟုတ်။ ဒါကို သျှင်မင်းသန့်က စိတ်ပူနေခြင်းဖြစ်သည်။

HONEYWhere stories live. Discover now