Chapter 20 - Unicode

7.1K 588 34
                                    

သျှင်မင်းသန့် ဟန်နီ့ကိုပွေ့ကာ မနက်စာမစားရသေးဘဲ အပြင်ထွက်ဖို့ ချောင်းနေသည်။ အဘိုးဖြစ်သူကို မနက်စာမ၀ယ်ဖို့ပြောထားသော်လည်း ဘယ်သွားစားမှာလဲမေးနေလျှင် သူဖြေရခက်ဦးမည်ကိုဆိုးသောကြောင့် သျှင်မင်းသန့် မသိမသာလေးထွက်သွားဖို့လုပ်နေရ၏။

"မြေးလေး ဘာသွားစားမှာလဲ"

အိမ်တံခါးကနေခြေတစ်လှမ်းကျော်ကာရှိသေး နောက်ကကြားလိုက်ရသည့် ဦးမင်းထက်အသံကြောင့် သျှင်မင်းသန့် တောင့်ခဲသွားသည်။

"မသိသေးဘူး ဖိုးဖိုး"

"တစ်ယောက်တည်းလား"

သျှင်မင်းသန့်အနောက်ကိုလှည့်လိုက်ပြီး ဟန်နီ့ကိုပြလိုက်၏။

"ဟင့်အင် ဟန်နီနဲ့"

"အေး အေး ကောင်းကောင်းသွား"

"ဟုတ် ဖိုးဖိုး သားသွားပြီနော်"

သျှင်မင်းသန့် သက်ပြင်းချကာ ချက်ချင်းလစ်ထွက်လာခဲ့တော့သည်။ အမှန်တကယ်က မနက်စာအတွက်ဘယ်သူနဲ့မှချိန်းမထား။ မြင့်မြတ်ပိုင်နောင်နဲ့လည်းချိန်းမထားပေ။ ရည်းစားဖြစ်ပြီးမှ နည်းနည်းရှိန်သလိုလိုဖြစ်နေတာမို့ မနေ့ကပြန်လာပြီးကတည်းက စကားလည်းမပြောဖြစ်။

ထို့ကြောင့် မြင့်မြတ်ပိုင်နောင်ပြေးနေကျလမ်းတွင် ပိတ်ကာ ရပ်စောင့်ရန်တွေးလိုက်မိသည်။ ထို့ကြောင့် မနက်လင်းကတည်းက လူပျိုလှည့်ရန် သျှင်မင်းသန့် တက်ကြွနေတာဖြစ်၏။ လမ်းပေါ်ကိုရောက်ရောက်ချင်း ဟန်နီ့ကို အောက်ဆင်းဖို့လွှတ်လိုက်ပြီး အင်္ကျီကိုအနည်းငယ်ခါလိုက်သည်။

"ဟန်နီ သွားစို့ လာ"

သူက အခုမှသွားစို့ပြောနေသော်လည်း ဟန်နီက သူ့ရှေ့ကအရင်အမြီးလေးရမ်းကာရမ်းကာနှင့် သွားနေပြီဖြစ်သည်။ 

"ဟ စောင့်ဦးလေ"

မြင့်မြတ်ပိုင်နောင်သည်လည်း ပြေးရင်း သျှင်မင်းသန့်တို့ပန်းဆိုင်နားရစ်သီရစ်သီလုပ်ကာ မနက်စာအတူတူသွားစားရန် သူ့ကောင်လေးအသစ်စက်စက်ကလေးအား ပြန်ပေးဆွဲဖို့ အစီအစဥ်ချလာခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် မြင့်မြတ်ပိုင်နောင် ခါတိုင်း၀တ်လာနေကျ အင်္ကျီထက် နည်းနည်းကြည့်ပျော်ရှုပျော်ရှိသည်လေးကို ထုတ်၀တ်လာခဲ့ပြီး လမ်းမလျှောက်ရုံတမယ် ဖြည်းဖြည်းပြေးနေသည်။

HONEYWhere stories live. Discover now