Chapter 18 - Unicode

6.4K 582 22
                                    

စိမ်းသက်သက်ခံစားချက်နှင့်အတူ သျှင်မင်းသန့် အိပ်ရာကနိုးလာခဲ့သည်။ ပုံမှန်ရနေကျမဟုတ်သည့် ကိုယ်သင်းနံ့သင်းသင်းကြောင့်လည်း မျက်မှောင်ကျုတ်လိုက်မိ၏။ သျှင်မင်းသန့် မျက်လုံးတစ်ဖက်ကို ပွတ်လိုက်ကာ ချာချာ၀ေဆဲဖြစ်နေသော ခေါင်းကိုထိန်းရင်း ထထိုင်လိုက်သည်။ 

ကိုယ်ပေါ်ရှိနေသည့်စောင်ကိုဖယ်လိုက်ပြီး တစ်ချက်သမ်းလိုက်ကာ ဘေးဘီကို တစ်ချက်မျက်လုံးမပွင့်တပွင့်နှင့် လိုက်ကြည့်နေမိ၏။ အခန်းကိုကြည့်ရင်း တစ်ခုချင်းပြန်ပေါ်လာသည့် မှတ်ဉာဏ်တွေကြောင့် သျှင်မင်းသန့် မျက်လုံးတွေဟာ ဆတ်ကနဲ့ပြူးကျယ်သွားသည်။

"ဦးလေး..ကြီး"

"ဟင့်အင်... ဆိုင်ကယ်စီးမှာ"

"ဦးလေးကြီးရေ"

တစ်ခုချင်းစီထွက်ပေါ်လာသည့် ပုံရိပ်တွေကြားတွင် သျှင်မင်းသန့် အငွေ့ပျံသွားချင်မိသည်။

"သျှင်မင်းသန့်ရေ ဘယ်လိုတွေတောင် မူးရူးသောင်းကျန်းခဲ့တာလဲ"

ကိုယ့်ကိုကိုယ်ကျိန်ဆဲလိုက်ရင်း ဘေးပတ်၀န်းကျင်ကိုကြည့်တော့ မြင့်မြတ်ပိုင်နောင်ကိုမတွေ့ရတာမို့ အနည်းငယ်စိတ်အေးသွားရသည်။ မိုးမြတ်နောင်လည်း မရှိပါစေနှင့်ဟု သူကြိတ်ဆုတောင်းလိုက်ကာ ခုတင်ပေါ်ကဖွဖွဆင်းပြီး တံခါးပေါက်စီလျှောက်သွားလိုက်၏။

"အောင်မလေး မုတ်ဆိတ်ဘုရား ဦးလေးကြီးနဲ့...အယ် တီချယ်"

သူတံခါးဖွင့်မယ်လုပ်လိုက်ချင်းချင်း အထဲကို၀င်လာသည့် မိုးမြတ်နောင်ကြောင့် သျှင်မင်းသန့်လန့်ကာအော်မိသွားသည်။

"နိုးပြီလား"

"ဟုတ်...ဟုတ်"

သျှင်မင်းသန့် ဘာပြောရမှန်းမသိသလို ရှက်သည့်စိတ်ကြောင့် ပြေးသာထွက်ချင်နေမိသည်။

"ပိုင်နောင်ကအပြင်ထွက်သွားတယ်"

"ဟုတ် သားလည်း ပြန်ဦးမယ်နော် ဦးလေးကြီးကို တောင်းပန်ပါတယ်လို့ပြောပေးပါဦး"

မျက်နှာမမြင်ချင်သည့်တိုင်အောင်ဖြစ်သွားသဖြင့် သူနိုးလာသည်ကိုပင်မစောင့်ဘဲ ထွက်သွားသည်ဟု သျှင်မင်းသန့် လျှောက်တွေးလိုက်ကာ မိုးမြတ်နောင်ကိုကျော်၍ ထိုအိမ်မှအမြန်ထွက်ခဲ့လိုက်သည်။

HONEYWhere stories live. Discover now