Final - Unicode

7.6K 428 5
                                    


"ဦးလေးကြီး ကျွန်တော် နောက်ကျမယ်နော်"

သျှင်မင်းသန့်ဆီမှ ရောက်လာသည့်စာကြောင့် မြင့်မြတ်ပိုင်နောင် စိတ်မကောင်းဖြစ်သွားမိသည်။ ဒီကနေ့က March လ၊ 3 ရက်နေ့ တစ်နည်းအားဖြင့် မြင့်မြတ်ပိုင်နောင်၏ မွေးနေ့ဖြစ်သည်။

သူ့မွေးနေ့အားသိသည့်လူက မိုးမြတ်နောင်တစ်ယောက်ပင်ရှိတာမို့ မနက်ခင်းက ရောက်လာခဲ့သည့် Happy Birthday ဆိုသည့်စာမှလွဲ ဘာမှမထူးခြားခဲ့ချေ။

သျှင်မင်းသန့်အား ပြောမပြဖြစ်ခဲ့တာမို့ သိနေမည်လား၊ မသိနေမည်လားတော့ သေချာမပြောတတ်။ တကူးတကကြီးပြောမပြချင်ခဲ့တာလည်း ပါလိမ့်မည်။ 

မြင့်မြတ်ပိုင်နောင်သည် ငယ်စဥ်ကတည်းက သူ၏ မွေးဖွားလာခဲ့ခြင်းအား မေးခွန်းထုတ်၊ အပြစ်တင်ခံခဲ့ရသူဖြစ်ရာ အစ်မဖြစ်သူ ကျောင်းက၀ယ်လာသည့် ကိတ်မုန့်အပဲ့လေးပေါ်ရှိ မီးမထွန်းထားသော ဖယောင်းတိုင်အား ဟန်ဆောင်မှုတ်ရင်း ပြုံးခဲ့ဖူးသည်မှလွဲ၍ မွေးနေ့အမှတ်တရဆိုသည်မှာ ရှားပါးလှသည်။

ဆေးခန်းကနေ အစောကြီး ဘာရည်ရွယ်ချက်နှင့် ပြန်လာမိသည်မသိတော့ချေ။ မြင့်မြတ်ပိုင်နောင်၏ အိမ်ပြန်လမ်းသည် လေးဖင့်နေခဲ့၏။ အနည်းငယ်ရှည်နေပြီဖြစ်သော ဆံပင်တို့ကို သပ်တင်လိုက်ကာ သက်ပြင်းချလိုက်မိ၏။

ထို့နောက် မြင့်မြတ်ပိုင်နောင် လေးပင်စွာပင် အိမ်ပြန်လာခဲ့၏။ အိမ်တံခါးက မဖွင့်ရသေးတာမို့ တကယ် သျှင်မင်းသန့် ရောက်မနေခဲ့မှန်း မြင့်မြတ်ပိုင်နောင်သိလိုက်ရတော့ မျှော်လင့်ချက်တွေဟာ အကုန်လုံး ရေစုန်မျောသွားသလို။

ထို့ကြောင့် လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ တံခါးဖွင့်လိုက်၏။ ခါတိုင်း သူတံခါးဖွင့်လိုက်လျှင် တစ်ဖက် ပန်းဆိုင်တွင် နေလေ့ရှိသော ဟန်နီက ပြေးမလာသဖြင့် မြင့်မြတ်ပိုင်နောင် လှည့်ပတ်ရှာမိသေးသည်။ ထို့နောက် အိမ်ထဲကို ၀င်လိုက်သည်နှင့် ကြောင်မလေးက သူ့ဆီကို ပြေးလာကာ ခြေထောက်ကို ပွတ်သပ်လာ၏။

"ဟန်နီ ဘယ်လိုလုပ်ပြီး အထဲရောက်နေတာလဲ"

မြင့်မြတ်ပိုင်နောင်မေးတော့ ဟန်နီက မီးဖိုချောင်ထဲကို ၀င်သွား၏။ ထို့နောက် မီးဖိုချောင်ထဲသို့ရောက်သောအခါ နောက်ကျမည်ဟုပြောထားသည့် သျှင်မင်းသန့်အား Apron နှင့်အတူတွေ့လိုက်ရသည်။ စားပွဲပေါ်တွင်လည်း ဟင်းအစုံကို တွေ့လိုက်ရပြီး အကုန်လုံးက မြင့်မြတ်ပိုင်နောင် ကြိုက်တတ်သည့်ဟင်းတွေပင် ဖြစ်သည်။

HONEYWhere stories live. Discover now