သောကြာနေ့ဖြစ်တာမို့ မြင့်မြတ်ပိုင်နောင် ဆေးခန်းကစောစောပြန်မှာဖြစ်သည်။ အပေါ်ကုတ်အဖြူရောင်ကို ချွတ်လိုက်ပြီး ခဏနေမှ ပိုင်ရှင်လာခေါ်မည့် ခွေးသေးသေးလေးကို ပေါင်ပေါ်တင်ကာ ချော့မြူနေမိသည်။
"နေလို့ကောင်းသွားပြီလား ဂျက်ကီ"
ခွေးလေးကတော့ သူ့ပေါင်ပေါ်တွင် အသာမှေးကာနေသည်။
"နောက်ကျရင် နေမကောင်းမဖြစ်အောင်နေရမယ်နော်"
ခွေးသေးသေးလေးက တအီအီနှင့်အသံပြုကာ မြင့်မြတ်ပိုင်နောင်၏ လက်ဖမိုးပေါ်ကို မေးတင်လာသည်။ မြင့်မြတ်ပိုင်နောင်က သဘောတကျရယ်လိုက်သည်တွင် အလွန်ပင်ချောမောလှသောမျက်နှာသည် နှစ်လိုဖွယ်ကောင်းသထက်ကောင်းလာသည်။
"ငချွဲလေးပဲ"
ခွေးလေးက မြင့်မြတ်ပိုင်နောင်၏ လက်ဖမိုးကို သူ့မေးစေ့လေးဖြင့် ပွတ်ရင်း ကပ်ချွဲနေသည်။ ဒါကို မြင့်မြတ်ပိုင်နောင်ကလည်း သဘောတကျပင်ကြည့်ကာ ပြုံးရယ်နေ၏။
"ဒေါက်တာ"
"အာ မင်းမားမားလာခေါ်နေပြီ"
လာခေါ်သည့်ပိုင်ရှင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး ခွေးလေးကို ခေါင်းပွတ်ကာ ပြောလိုက်သည်။ ထို့နောက် ခွေးအိမ်လေးထဲကိုအသာထည့်ပေးလိုက်ကာ မြင့်မြတ်ပိုင်နောင် လက်သွားဆေးလိုက်၏။
"ဆရာ ပြန်တော့မှာလား"
"အင်း ပြန်တော့မယ် ဇေယျာရှိသေးတယ်မို့လား"
"ဟုတ် ရှိသေးတယ် ဆရာ"
ခေါင်းတစ်ချက်သာညိတ်ပြသွားသော မြင့်မြတ်ပိုင်နောင်သည် ထိုသို့စကားပြောရန်ပင် နှမြောလှသည်။
_____________________________________________
ဒီကနေ့ ဟေမာန်ဦးရော၊ ရာဇာလင်းရောက သူ့ထက်အရင်ပြန်သွားသဖြင့် မိုးမြတ်နောင်ဆီက ကျူရှင်အပြန်မှာ သျှင်မင်းသန့်တစ်ယောက်တည်းဖြစ်နေသည်။ သိပ်မ၀ေးသော်လည်း တစ်ယောက်တည်းလမ်းလျှောက်သွားရသည်ကိုတော့ ပျင်းလှသည်။
ထို့ပြင် အဘိုးဖြစ်သူမှာလိုက်သည့် ပန်းစည်းသည့်ဖဲကြိုးအထုပ်သွားဝယ်ရဦးမှာမို့ ပို၍ပင်ပျင်းသည်။ သျှင်မင်းသန့် စာအုပ်အနည်းငယ်သာထည့်ထားသည့် အိတ်ကလေးကို စလွယ်သိုင်းကာ နည်းနည်းလှမ်းသည့် စတိုးဆိုင်ထိ သျှင်မင်းသန့် လမ်းလျှောက်သွားလိုက်သည်။

YOU ARE READING
HONEY
RomanceMyint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary