"ကိုကိုရေ၊ ကိုကို"
"ကိုကိုက ဒီမှာ ဘေဘီ အော်မနေတော့နဲ့"
မူးရူးနေပြီဖြစ်သည့် ကလေးသုံးယောက်တွင် ရာဇာလင်းသည် သူ့ဘေးနားတွေရှိနေသည့် ဇေယျာမင်းအား ကိုကိုအော်ကာ ရှာနေသည်။
"ဘယ်မှာလဲ"
"ဒီမှာလို့ ဘေဘီရ"
ဇေယျာမင်း သူ့ဘက်ကို လှည့်ပေးလိုက်တော့လည်း မကြည့်ဘဲ ဆိုဂျူပုလင်းကိုသာ လှမ်းဆွဲနေ၏။
"သြော် ဒီမှာလား"
ထို့နောက်တစ်ခါပြန်လှည့်ကာ ဘေးတွင်ရှိနေသည့် သျှင်မင်းသန့်ဆီသွားပြီး မျက်နှာကိုကိုင်လျက် ပြုံးနေပြန်၏။
"ပြန်ကြစို့ ပြန်ကြစို့"
ဇေယျာမင်းက ထိုသို့ပြောပြီး ရာဇာလင်းအား ဆွဲခေါ်လိုက်ကာ မနိုင်မနင်းမတ်တပ်ထသည်။ ထိုအချိန်တွင် မြင့်မြတ်ပိုင်နောင်က မီးဖိုချောင်ထဲကို၀င်လာပြီး သျှင်မင်းသန့် ဘေးနားကို ၀င်ထိုင်၏။ အရင်တစ်ခါမူးတုန်းက သူ့နာမည်ကို ထပ်ခါထပ်ခါခေါ်ကာ သောင်းကျန်းခဲ့သူသည် အခုတော့ ရီ၀ေ၀ေလေးသာ မော့ကြည့်လာသည်။
"ဦးလေးကြီး"
"အင်း မူးနေပြီလား ပြန်ကြစို့"
"ဦးလေးကြီး"
"ပြန်ကြစို့နော်"
"ဘေဘီ ထကွာ အိမ်ရောက်ရင် အန်တီတို့က ဆူတော့မှာပဲ၊ ဆရာသွားပြီနော်"
တစ်ဖက်တွင်လည်း ဇေယျာမင်းက ရာဇာလင်းအား ဆွဲထူလိုက်ရင်း မြင့်မြတ်ပိုင်နောင်ကို နှုတ်ဆက်သွားသည်။ မြင့်မြတ်ပိုင်နောင် ခေါင်းသာ ညိတ်ပြလိုက်ပြီး သျှင်မင်းသန့်အား ပြန်ကြည့်ရ၏။ သူတို့ရှေ့တွင် မူးကာ မှောက်နေပြီဖြစ်သည့် ဟေမာန်ဦးကိုတွေ့ရ၏။
ခဏအကြာတွင် မိုးမြတ်နောင် ရောက်လာပြီး သူတို့ကိုကြည့်သည်။
"ပြန်တော့မှာလား"
"အင်း"
မြင့်မြတ်ပိုင်နောင်ပြောရင်း ရှေ့ကဟေမာန်ဦးကို လှမ်းမေးငေါ့ပြလိုက်တော့ မိုးမြတ်နောင်က စိတ်မပူနှင့်ဟူသည့်သဘောနှင့် လက်ခါပြလာသည်။

YOU ARE READING
HONEY
RomanceMyint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary