Chapter 4 - Unicode

7.6K 698 20
                                    

မှိုင်တွေနေသည့် သျှင်မင်းသန့်ကြောင့် ကျန်တဲ့သူငယ်ချင်းနှစ်ယောက်လည်း စိတ်မချမ်းသာရ။ 

"အဲ့လိုကြီးလုပ်မနေနဲ့ လာ မနက်ဖြန်ညစားဖို့ စျေးသွား၀ယ်ရအောင်"

အိမ်တိုင်ရာရောက် သျှင်မင်းသန့်အခန်းထဲထိ၀င်လာပြီး ခုတင်ပေါ် ငုတ်တုတ်ထိုင်နေသူနား၀င်ကာ ဟေမာန်ဦးပြောလိုက်သည်။ သျှင်မင်းသန့်က ဖုန်းကိုသာတွင်တွင်ကြည့်နေပြီး သူတို့ကိုလည်း ခွန်းတုန့်မပြန်ပေ။ နားကြပ်ကြီးလည်းတပ်ထားမို့ ရာဇာလင်း ထိုနားကြပ်ကို ဆွဲဖြုတ်လိုက်သည်။

"ဘာလုပ်တာလဲဟာ"

"အပြင်သွားမယ် သွား အ၀တ်စားလဲ"

"မသွားချင်ဘူး"

သျှင်မင်းသန့်ကပြောရင်း အိပ်ရာပေါ်ပြန်လှဲသွားကာ စောင်ကို ခေါင်းမြီးခြုံသည်။ 

"ဟဲ့ ထလို့"

ဟေမာန်ဦး အော်လိုက်ပြီး စောင်ကို ဆွဲချလိုက်သည်။ ထင်သည့်အတိုင်း သျှင်မင်းသန့်က မျက်ရည်လေးစမ်းစမ်းနှင့်ဖြစ်နေ၏။

"နင်ကလည်းဟာ အဲ့အဘိုးကြီး ခေါက်ထားလိုက်စမ်းပါ"

"ငါ တကယ်ချစ်တာဟ"

"အချစ်ဆိုတာ ဘ၀မဟုတ်ဘူး"

ရာဇာလင်းက သျှင်မင်းသန့်ကိုသေချာကြည့်ပြီး ပြောလိုက်၏။ ဟေမာန်ဦးကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။

"အေး ဟုတ်တယ် အချစ်ဆိုတာကြီးက ဘ၀မဟုတ်ဘူး"

"ဘ၀ဆိုတာက အချစ်"

"ဒီဖေ"

ငိုတော့မည့်လူကို ချော့ရမည်ဆိုကာမှ ဘ၀က အချစ်လာလုပ်နေသော ရာဇာလင်းကို ဟေမာန်ဦးဆဲပြီး လှမ်းရိုက်လိုက်သည်။

"လာပါ စိတ်ပြေလက်ပျောက်အပြင်ထွက်ရအောင်၊ ဟန်နီ့အတွက် ကြောင်စာကုန်နေပြီ"

ကြောင်စာကုန်နေပြီဆိုသည့်စကားကြောင် သျှင်မင်းသန့်ခေါင်းထောင်လာသည်။ သူ့ကြောင်ကို ချစ်တာကတော့ နှစ်ယောက်မရှိချေ။

"လာလာ ငါတို့လည်း ၀ယ်စရာတွေရှိသေးတယ်"

သျှင်မင်းသန့်က တွေးရင်း ခေါင်းလေးညိတ်သည်။ သူလည်း ဒီထက်ပိုပြီး မြင့်မြတ်ပိုင်နောင်ကို မချစ်သင့်တော့ပေ။ ကာမပိုင်ရှိသူအပေါ် မရိုးမသားစိတ်ထားနေခြင်းဟာ မဖြစ်သင့်တာမို့ စိတ်ကိုလျှော့ရမည်။ ပထမဆုံးရင်ခုန်သံလေးက သည်လိုနှင့်ပင် အဆုံးသတ်တော့မည်ထင်သည်။

HONEYWhere stories live. Discover now