Description

9.2K 632 22
                                    

Top 10ပန်းချီကားများထဲမှ တစ်ခုဖြစ်သော ငိုကြွေးနေသည့်ကောင်လေးပန်းချီကို သင်သိပါသလား? ချီနန်သည် ထိုပန်းချီထဲမှ ကောင်လေးဖြစ်ပြီး ကပ်ဆိုးယူဆောင်သူဟု ယူဆခံရသောကြောင့် သူ့မှတ်ဉာဏ်များကို ဖျက်ပစ်ပြီး ထိုပန်းချီကားထဲတွင် သူ့ဝိဉာဉ်အား ပိတ်လှောင်ထားခဲ့ကြသည်။ တစ်နေ့သ၌ ထိုပန်းချီကားပိုင်ရှင် မျက်မမြင်အိမ်တော်သခင်လေး မတော်တဆသေဆုံးသွားချိန်တွင် ချီနန်က ခန္ဓာကိုယ်ကို အရယူနိုင်လိုက်သော်လည်း ပန်းချီကားထဲ ကြာရှည်စွာပိတ်ခံထားရသောကြောင့် သူ၏ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ လူသားဆန်မှု အရာအားလုံးပျောက်ကွယ်သွားလေပြီ။ နောက်ဆုံးကျန်ရှိသည်က မရပ်တန့်နိုင်သော သူ၏မျက်ရည်များပင်။ ချီနန်က နတ်ဘုရားများဆီသို့ သူ့အမြင်ပြန်ရရန်၊ မှတ်ဉာဏ်ပြန်ရရန်နှင့် အငိုရပ်ရန်ဟူ၍ ဆုသုံးခုတောင်းခဲ့သည်။ ထို့ကြောင့်ပင် ကြောက်ရွံ့ခြင်းတို့၏လောက၊ အိမ်မက်ဆိုးစက်ဝန်းသို့ ဖိတ်ကြားခံရကာ အိမ်မက်ဆိုးများကိုဖျက်ဆီး pointsများစုပြီး သူ့ဆုတောင်းများပြည့်အောင် ကြိုးစားတော့သည်။

သာမန်ကစားသမားများ- အား ကြောက်ဖို့ကောင်းလိုက်တာ! ငါမြန်မြန်နိုးထချင်တယ်!

ထိုစဉ်ချီနန်မှာတော့ အိမ်မက်ဆိုး‌ေတွ တစ်ခုပြီးတစ်ခုဖြတ်ကျော်၊ ညကြီးသန်းခေါင် အပန်းဖြေဥယျာဉ်မှာ အရိုးခြောက်သေးသေးလေး‌ေတွကို ကရိန်းစက်ဖြင့်ဆွဲယူ၊ နှင်းဖုံးနေတဲ့ တိုင်းပြည်ရဲ့သင်္ချိုင်းထဲမှာ အလောင်းတွေနဲ့ ရေခဲပန်းပုထု၊ အသက်အန္တရာယ်ရှိတဲ့အခြေအနေမှာ ရက်စက်ကြမ်းကြုတ်တဲ့သရဲနဲ့ အရုဏ်တက်တဲ့ထိကနေလေရဲ့။

အိမ်မက်တွေက တကယ့်ကိုကောင်းတာပဲ။ အဆုံးမရှိတဲ့ဂိမ်းတွေရယ်၊ သူ့ဆီလာဖျော်ဖြေတဲ့သရဲတွေရယ်၊ သူ့ဆီနေ့တိုင်း ဆေးအကောင်းတွေပို့ပေးနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးလည်းရှိသေးတယ်။

ချီနန်ကပျော်ရွှင်စွာ‌ငိုလိုက်သည်။ သို့သော်သူငိုသည်နှင့် ထိုလောက၏ တစ္ဆေသရဲများအားလုံး တုန်လှုပ်ကုန်ကြ၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now