အပိုင်း(၉၀)

382 72 3
                                    

ပေ့မော့၏ဓာတ်မီးမှာ သူ့ခြေထောက်ပေါ် ပြုတ်ကျသွား‌ေလသည်။ မီးရောင်မှာ သွေးတွေစွန်းနေသော အဖြူရောင် ရှူးဖိနပ်ပေါ် ကျရောက်နေ၏။ တစ်စက်စက်စီးကျနေသော အသံတစ်ခုထွက်ပေါ်လာပြီး သွေးများသည် နံရံပေါ်တွင် ရေတံခွန်တစ်ခုပမာ စီးကျနေကာ နီရဲနေသော သွေးရေကန်ငယ်တစ်ခု ဖြစ်လာလေသည်။

ကျန်းယွီ၏မီးရောင်မှတစ်ဆင့် သူတို့အားလုံး မြင်လိုက်ရသည်မှာ ပေ့မော့၏ ဘယ်ဘက်လက်သည် လက်ချောင်းများမှ လက်မောင်းထိတိုင် နံရံထဲသို့နစ်ဝင်နေ၏။ သူ၏အပေါ်ဘက်လက်မောင်းမှာ ပြင်းထန်စွာ လိမ်ချိုးထားသောပုံစံဖြင့် ပြောင်းပြန်လန်ကာ ခေါက်နေသည်။ အရိုးကြွက်သားများမှာ ပုံပျက်နေပြီး နံရံနှင့် လက်မောင်း၏ အဆက်က တစ်သားတည်းဖြစ်နေခဲ့၏။ ထိုပုံစံမှာ ပေ့မော့၏လက်သည် နံရံထဲမှ ကြီးထွားလာသကဲ့သို့ပင်။

"ကယ် ...ငါ့ကိုကယ်ပါ!"
သူက အော်ဟစ်နေခဲ့သည်။
"နံရံထဲက မကောင်းဆိုးဝါးတွေက ငါ့လက်ကိုစားနေတယ်"

ပေ့မော့က အော်ဟစ်ငိုယိုနေရင်းဖြင့်ပင် နံရံထဲမှ သူ့လက်ကို ကျန်သောလက်ဖြင့် ဆွဲထုတ်နေခဲ့သည်။ ၎င်းက အရမ်းကို အဆင့်မြင့်လွန်းသော ပုံရိပ်ယောင်ဖြစ်နေခဲ့၏။

ကျန်းယွီက ချက်ချင်းတုံ့ပြန်နိုင်သော သူတစ်ယောက်ဖြစ်သည်။ သူမလက်ထဲမှ တောခုတ်ဓားကို မမြှေှာက်ခင် ကောင်းကျိုးဆိုးကျိုးတို့ကို အမြန်တွက်ချက်လိုက်ပြီး တစ်ဝက်နစ်မြုပ်နေသော ပေ့မော့၏လက်မောင်းကို ခုတ်ဖြတ်လိုက်၏။

သွေးများက မီးသတ်သည့်ပမာ ရုတ်တရက်ပန်းထွက်လာခဲ့သည်။ သူ၏လက်မောင်းပြတ်သွားသည်နှင့် ပေ့မော့မှာ နောက်ပြန်လဲကျသွား‌ေလ၏။ ကျန်ခဲ့သည့် လက်မောင်းကို နံရံကအလျင်အမြန်စုပ်ယူသွားခဲ့ပြီး ပြစ်ခဲနေသောသွေးများမှာ ဘာဘီကျူးအသားကင်အဆီ၏အနံ့ပမာ ညှီစို့စို့အနံ့ထွက်လာသည်။

နံရံပေါ်မှာ သွေးများမှာ ချက်ချင်းသန့်ရှင်းအောင် စုပ်ယူခံလိုက်ရသည်မှာ သွေးသံရဲရဲမြင်ကွင်းက ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသလိုပင်။

အခြားတစ်ဖက်တွင် မြေဖြူပန်းချီထဲရှိ လူသားစားသူ၏ လက်ထဲ၌ အသားကင်တံစို့အပိုတစ်ခု ထပ်ရှိလာခဲ့သည်။ လတ်လတ်ဆတ်ဆတ်ဖြတ်ထားသော လက်မောင်းကို သံတံစို့တွင် ထိုးထား၏။ ထိုအပေါ်တွင် ဆော့စ်နှင့်ဆီတို့သုတ်ထားပြီး မီးဖိုပေါ်တွင် ကင်ထားလေသည်။

နာကျင်မှုက ပေ့မော့၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အင်အားတို့ကို စားသုံးသွားခဲ့သည်။ ထိုအခိုက်အတံ့မှာ  သူသည် ချွေးစေးများပျံလာပြီး  တွန့်လိမ်ကောက်ကွေးကာ တက်သွားတော့၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now