အပိုင်း (1)

3.4K 431 9
                                    

(1)  ကူးပြောင်းသွားခြင်း (၁)

မတော်တဆ မဖြစ်ခင် အချိန်က နျင်းချူဟာ [ နဂါးကျွန်း]  ဆိုတဲ့ ဂိမ်းကို ဆော့ကစား နေခဲ့တာ ပဲ ဖြစ်လေတယ်။

စျေးဆိုင် ထဲမှာ အရုပ်သစ်တွေ အများကြီးနဲ့ ဒီဇိုင်းတွေ အမျိုးမျိုး ရှိလေတယ်။  ပြီးတော့ သူက ခရစ်ပတွန် ကျောက်တုံး တစ်ခုဝယ်ပြီးတော့ ကျဲချ လိုက်ရုံနဲ့ တောင်ခြေနားလေး မှာ ကျယ်ပြန့်တဲ့ ဧရိယာ တစ်ခု ရှင်းလင်း ပြီးသား ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ဂိမ်းထဲက နေ့အချိန်မှာ အဲ့နားလေး ကို ကစားကွင်း အသေးလေး ဆောက်ပေး လိုက်မယ်။

[ တကယ်လို့ နဂါးသားပေါက် လေးတွေ နိုးလာလို့ အဲ့တာကို မြင်သွားတဲ့ အချိန်ကျရင် သူတို့တွေ အရမ်းကို ပျော်သွား ကြမှာပဲ ]

(( နဂါးကျွန်း )) ဆိုတာက နျုင်းချူ ကို ဆွဲချိတ်ထား နိုင်တဲ့ မိုဘိုင်း ဂိမ်း တစ်ခုပဲ ဖြစ်လေတယ်။ အဲ့တာကို စတင်ပြီး ကြော်ငြာ တာက နည်းပါး သေးတဲ့ အချိန် ကတည်း က ဂိမ်းတိုးတက်အောင် လုပ်တဲ့ သူက ငွေပမာဏ အနည်းတော့ အသုံးပြုရမယ်လို့ ပါထား ပြီးသားပဲ ဖြစ်လေတယ်။

ထိုထဲမှာ တောက်ပကြည်လင် နေတဲ့ အပြာရောင် ကောင်းကင်ကြီးရယ်၊ တောင်တန်း တစ်ခုရယ်၊ ပရိုမိုးရှင်းပေးသလို မြူစွယ်နေတဲ့ စာတစ်စောင်နဲ့ အတူ နဂါးသားပေါက်လေးတွေ အနည်းငယ် ရယ် ပါရှိလေတယ်။

ထိုစာထဲမှာတော့ [ မင်း က ဒီနဂါးသားပေါက် လေးတွေကို ပျိူးထောင် လိုပါသလား? ] လို့ ရေးထားလေတယ်။

ထို စာကြောင်း ကပဲ နျင်းချူ ကို ထိုဂိမ်းအား အမြန်ဒေါင်းလုခ် ဆွဲ ပြီးတော့ စွဲမက် သွားစေ ခဲ့တာ ပဲ ဖြစ်လေတယ်။

ထိုဂိမ်းထဲမှာ ပျိူးထောင်ခြင်းနဲ့ ဆောက်လုပ်ခြင်း ဆိုတဲ့ အညွှန်း တွေ ရှိပြီးတော့ ပုံစံက အတော်လေး စတိုင်ကျကာ ဂိမ်းကစားတဲ့ ပုံစံ ကလည်း အတော်လေး ထူးကဲနေခဲ့တယ်။

အဲ့တာက ကျွန်း တစ်ကျွန်း ပုံစံ ကနေ စတင်ခဲ့ ပြီးတော့ တွေ့ရများတဲ့ နဂါးဥလေးတွေ ကို တွေ့လာရတယ်။ စျေးဝယ်ဖို့ဆိုင် ( ရှော့ပင်းမော်လ်) က လည်း အတော်လေး ကို ပြီးပြည့် စုံနေလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now