အပိုင်း (46)

1.4K 299 8
                                    

(46) ဥဖောက်ခြင်း ၁

တစ်ပတ်လောက် နျင်းချု က အိပ်ဆောင်မှာ ပဲ သားပေါက်လေးတွေနဲ့ အချိန်ကုန်ပြီးတော့ ညနေကျရင်တော့ ပြိုင်ကွင်းကို သွားပြီးတော့ ငွေရှာလေတယ်။ သူ့ရဲ့ နေ့တိုင်း ဘဝ ကတော့ အစီအစဉ် တွေ အပြည့်ပါပဲ။ သူက အတန်းကို ပဲ မသွားရုံလေးတင်ပါ။

နျင်းချု က သူ့ရဲ့ ခေါင်းကို ငုံ့ထားပြီးတော့ ဆရာရဲ့ ရုံးခန်းရှေ့မှာ သင်ခန်းစာပို့ချ တာကို နားထောင်နေ ရလေတယ်။

သူ့ဆရာ မရဲ့ နာမည်ကတော့ ကလော့ ဖြစ်ပြီးတော့ အနီညိုရောင် ဆံနွယ် ရှည် ရှိပြီး အမျိုးသမီး ဖြစ်လေတယ်။ ပြီးတော့ နျင်းချု က သူမကို လက်တွေ့ အတန်းမှာ တစ်ခါ တွေ့ဘူးလေတယ်။

သူမက နျင်းချုရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေပြီးတော့ သူမ လက်ထဲက မှတ်တမ်းစာအုပ်ကို လှန်ကြည့်နေခဲ့တယ်။

ဒီတစ်လမှာ အစောကတည်း က နျင်းချုဟာ သီအိုရီ အတန်း ၂ ခုပဲ တက်ပြီးတော့ လက်တွေ့အတန်း တစ်ခုသာ တက်ထားလေတယ်။ ကလော့က မှတ်တမ်း စာရင်းကို ပိတ်လိုက်လေတယ်။

'' မင်းက အတန်းမတက် ဘူးဆိုတော့ မင်းက ခရက်ဒစ် အမှတ် မလိုချင်တော့ ဘူးလား?  မင်းက ဘွဲ့မယူ ချင်တော့ဘူး ထင်တယ်? ''

နျင်းချု က သူ့ရဲ့ လက်ကို နောက်ကို ပစ်ထားကာ ကလေးကောင်း ယောင် ဆောင်လိုက်လေတယ်။

'' ဟုတ်ကဲ့..........  ကျွန်တော် တောင်းပန်ပါတယ် ဆရာမ။ ကျွန်တော် အခု က စပြီးတော့ အချိန်တိုင်း အတန်းမှန်အောင် တက်ပါ့မယ် ''

သူက အမှားကို ချက်ချင်း တန်းပြီးတော့ ဝန်ခံလိုက်တာကြောင့် တစ်နေ့လုံး လျောက်ပတ်ဆော့ ကစားနေတက်တဲ့ ကျောင်းသားဆိုး နဲ့ လုံးဝ မတူတာကြောင့် ကလော့ခ် က အနည်းငယ် စိတ်သက်သာရာ ရသွားလေတယ်။

'' ကောင်းတယ် ''

သူမက ရပ်လိုက်ပြီးတော့ ထပ်ပြောတယ်။

'' မင်းရဲ့ မွေးရာပါ စွမ်းရည် မကောင်းတာက ကိစ္စမဟုတ်ဘူး ။ လုံ့လရှိစွာ မလေ့ကျင့်မှ ကိစ္စရှိတာ။ အားမလျော့စမ်းနဲ့။ တကယ်လို့ မင်းက အခက်အခဲတွေ ကြုံတွေ့လာ ရလို့ရှိရင် ငါ့ကို အချိန်မရွေး လာရှာလို့ ရပါတယ်။ ''

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now