အပိုင်း (20)

1.6K 296 2
                                    

(20) ရှော့ပင်းမောလ် (၁)

နဂါး သားပေါက်လေး က ငယ်ရွယ်ပေမယ့် အရှိန်အဟုန် ကတော့ လုံးဝ ကို မသေးငယ်ပေ။ အဲ့တာက ကျားသစ်ဆီကို ဒေါသထွက်စွာနဲ့ အရှိန်အဟုန်ဖြင့် ပြေးထွက် သွားလေတယ်။

မှော်သားရဲရဲ့ ခြေထောက်တွေ အကုန်လုံး က မရပ်မနား တုန်ယင်နေပြီးတော့ ဆန့်ကျင်ဘက် အရပ်ဆီကို လွတ်မြောက်ဖို့ရာ ထွက်ပြေး သွားတော့တယ်။

နျင်းချု​က မူးမေ့ သွားပြီးတော့ သူ့ရဲ့ လက်ထဲက ခေါက်ဓား လေးကို တင်းတင်း ဆုပ်ကိုင်ထားကာ သူ့ရဲ့ လက်ကိုတောင် ဖြတ်မိလုနီးပါးပဲ။ သူ့ရဲ့ လက်မောင်းတွေက ထုံကျင်နေပြီးတော့ မရှိတော့လု နီးပါး ဖြစ်နေတယ် လို့ ခံစားလိုက်ရ လေတယ်။ သူက သူ့ရှေ့က နဂါးပေါက်စလေးကို တွေဝေငေးမောစွာ စိုက်ကြည့်ပြီးတော့ မူးဝေစွာ ပြောလိုက်လေတယ်။

'' အောင်းဝ်စန်း? ''

အောင်းဝ်စန်း က သူ့ရဲ့ တောင်ပံလေး တွေကို ပြန်သိမ်းကာ မြေပေါ်ကို ဆောင့်ကြောင့်ထိုင် လိုက်လေတယ်။ အဲ့ကောင်လေး ရဲ့ အနက်ရောင် မျက်လုံးဝိုင်းဝိုင်း လေးတွေက သူ့ကို ကြည့်နေခဲ့လေတယ်။

အဲ့စူးစိုက်ကြည့်တဲ့ အကြည့်တွေက တကယ့်ကို မမှားနိုင်ပေ။ သူ့ရဲ့ တတိယမြောက် ကလေးလေး က ဘာလို့များ ရုတ်တရက်ကြီး  သေးသွားသလဲ ဆိုတာကို သူနားမလည် ပေမယ့် နျင်းချုက ထိုနဂါးပေါက်စ ဟာ သူ့ရဲ့ ကလေးလေးမှန်း သေချာလေတယ်။

နဂါးငယ်လေး က အေးစက်စွာနဲ့ ထိုနေရာမှာပဲ ထိုင်​နေပြီးတော့ သူ့ရဲ့ ခြေသည်းတွေက မြက်နဲ့ အရွက်ခြောက်တွေကို ထိုးစွနေကာ စိုးရိမ်ပူပန် နေတာကို ပြသနေလေတယ်။

နျင်းချု က တောထဲကို ဝင်ဝင်လာချင်းပဲ သူက သိလိုက်ပြီးသား ဖြစ်လေတယ်။ သူက သူ့ရဲ့ လူပျိုပေါက် ပုံလေးနဲ့ နျင်းချူ ရှေ့ကို မထွက်ချင်တာ ကြောင့်သာ အနောက်ကနေ တိတ်တဆိတ် လိုက်လာတခဲ့တာ ပဲ ဖြစ်လေတယ်။ ဒီဟူးမန်း ကို သူ လေ့လာချင်လို့လဲ ပါတာပေါ့လေ။

နျင်းချူ အန္တရာယ် ထဲ ကျသွားတဲ့အခါ
အောင်းဝ်စန်း က ချုံပုတ်တွေ ကြားထဲ ကနေ မီးလို အလျင်နဲ့ ပြေးထွက် လာခဲ့တာ ပဲ ဖြစ်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now