အပိုင်း (26)

1.4K 290 5
                                    

(26) နဂါးတွယ်တက် ဖရိန်များ (3)

နျင်းချု က အောင်းဝ် စန်းလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက် ကာ တစ်ခဏ တုံ့ဆိုင်း ပြီးတော့ ပြောလိုက်လေတယ်။

'' ဘာလို့ မင်းကို ငါက အကယ်ဒမီ ဆီကို အတူတူ ပြန်မခေါ် သွားရမှာလဲ?''

သူက အရမ်းကို မလွယ်ကူပါပေ။ ပြီးတော့ အခုလေးတင် လာသွားတဲ့ လူအုပ်စုက အတော်လေး ကို အန္တရာယ်များတယ် လို့ သူခံစား မိလေတယ်။

တကယ်လို့ သူသာ ပြန်ခေါ်သွားခဲ့ရင်....... ပေါ်ဝမ်က အိပ်ယာကို စောစော ဝင်တဲ့ အတွက်ကြောင့် သူက ကုတင်လိုက်ကာကို ပိတ်ထားရင် ဘာမှ မြင်နိုင်တော့မှာ မဟုတ်ဘူး။

ခါတိုင်းလိုမျိုး သူတို့ အတန်း သွားတက်ရရင် အောင်းဝ်စန်း လေးက သူတို့ အိပ်ဆောင် ထဲမှာ လှည့်ပတ် နေလို့ရတယ်။

အဲ့တာ က အနည်းငယ် ဒုက္ခ များတယ် ဆိုပေမယ့် အနည်းဆုံးတော့ တောထဲမှာ နေတာ ထက်ကို ပိုပြီးတော့ လုံခြုံတယ် လို့ နျင်းချု ထင်လေတယ်။

အောင်းဝ်စန်း က နျင်းချုကို မျက်လုံး မဲလေးတွေနဲ့ စိုက်ကြည့်ကာ ထိုကိစ္စကို တွေးတော နေဟန် ပေါ်လေတယ်။

သူက နျင်းချု ကို အကြာကြီး မစောင့်ဆိုင်း ခိုင်းခဲ့ ပါချေ။ သူ့ရဲ့ ခေါင်းသေးသေးလေးကို ငြိမ့်ပြ လာတယ်။

'' အွတ်ခ်''

ဟုန်ဝူ ကောလိပ် အတွင်း တွင်ဖြစ်တယ်။

အခုချိန်က ညနေခင်း ၅ နာရီ ၊ ၆ နာရီ လောက်ပဲ ရှိသေးတယ် ကောင်းကင်ကြီး က ကြောက်စရာ ကောင်းလောက်အောင်  မှောင်မဲ နေခဲ့ပါပြီ။ ကောင်းကင်ပေါ်မှာ တိမ်မဲတွေ ဖုံးအုပ်နေပြီးတော့ မိုးခြိမ်းသံတွေ ကြားက လျှပ်စီး တစ်ချို့ ကိုတောင် တွေ့မြင်ရလေတယ်။

ဝူးယူး က အကွာအဝေး တစ်ခု ကနေ အရှေ့က  ကောင်းကင်ကို အပြစ်ရှာ ချင်တဲ့ စိတ်နဲ့ ကြည့် နေခဲ့တယ်။

သူ့ဆရာက ချဥ်းကပ်လာပြီးတော့ လက်ထဲမှာလဲ လက်ဖက်ရည် တစ်ခွက်ကို ကိုင်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်တယ်။

'' ဒီမိုးကလည်း ဘယ်အချိန်ထိ ခြိမ်း နေအုံးမှာလဲ မသိဘူး။ မိုးကလည်း အခုချိန်ထိ မရွာသေးဘူး ''

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now