အပိုင်း (29)

1.5K 324 8
                                    

(29) မီးရှို့ခြင်း (1)

နဂါးဥလေး က သေးပြီးတော့ နျင်းချု ရဲ့ လက်တစ်ဖက် နဲ့တောင် ဆုပ်ကိုင်ထားလို့ ရလေတယ်။ ဒါပေမယ့် အဲ့တာက အတော်လေးကို မပေါ့ပေ။ ဥ က အစိမ်းရင့်ရောင် ဖြစ်ပြီးတော့ အဲ့ပေါ်မှာလဲ မတူ ညီတဲ့ ပတ်တန် အမျိုးမျိုး ရှိပြီးတော့ နျင်းချု ရဲ့ လက်ဝါးပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေခဲ့တယ်။

နျင်းချု က အောင်းဝ်ဝူလေး ကို တစ်ခါ က ဥဖောက်ပေး တဲ့သူ ဖြစ်တဲ့ အတွက်ကြောင့် ထို ဥလေး ကို အရမ်းပဲ ရင်းနှီး ကျွမ်းဝင် နေခဲ့လေတယ်။

နျင်းချုက ထထိုင်လိုက်ပြီးတော့ အိပ်မှုံစုံမွှား ဖြစ်နေတဲ့ အောင်းဝ်စန်း ကလည်း ခေါင်းအုံးပေါ် ကနေ ပြီးတော့ ထခုန်လိုက်ကာ သူ့ရဲ့ကျောလေးကို ငုံ့ကိုင်းပြီးတော့ အသေအချာကြီးကို ပြူးကျယ် စွာ ကြည့်နေခဲ့တယ်လေ။ ခဏနေလည်း ကျရော သူက နျင်းချုရဲ့လက်ထဲက နဂါးဥ ကို တွေ့သွားတော့တယ်။

ရင်းနှီးနေတဲ့ ဥလေးက ဘဝ အသက်တွေ ပေါများနေပြီးတော့ ရင်းနှီး ကျွမ်းဝင်နေတဲ့ ရနံ့တွေ ပေါများနေခဲ့လေတယ်!

မနေ့က အသက်ပြန်သွင်းတဲ့ လုပ်ငန်းစဉ် က အရမ်းကို နှေးတဲ့ အတွက်ကြောင့် နျင်းချု က ဘားတန်းလေး ပြည့်ဖို့ရာ အတွက် တစ်ရက်ကျော် ကြာအောင် စောင့်ရမယ်လို့ ကို ထင်နေခဲ့လေတယ်။ ဒါကြောင့် သူက နှစ်ခြိုက်စွာ အိပ်ပျော်သွား ပြီးတော့ နိုးလာတော့ အံ့အားသင့်စရာ ကြီးကို တွေ့လိုက်ရတော့တယ်။

သူက ဂိမ်းကို ဖွင့်လိုက်ပြီးတော့ တကယ်ပဲ စနစ် က ပို့ထားတဲ့ စာကို တကယ်ပဲ တွေ့လိုက်ရလေတယ်။

[ အသက်ပြန်သွင်းခြင်း လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ '' အောင်းဝ်ဝူ '' အစိမ်းရောင် ရွက်သစ် နဂါး ကို ကစားသူ ရဲ့ တည်နေရာ အတည်တကျ ဆီကို ပို့ပေး လိုက်ပါပြီ]

နျင်းချု မမျှော်လင့် ထားတာ တစ်ခု ကတော့ ပြန်အသက်သွင်းထားတဲ့ အောင်းဝ်ဝူလေး က ဥလေး တစ်လုံး ဖြစ်နေမယ် ဆိုတာပါပဲ။

သူမကို ဥ ဖောက်လိုက်တဲ့ အခါ သူမက အရင် အောင်းဝ်ဝူလေး ပဲ ဖြစ်နေဆဲလား?

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now