အပိုင်း (42)

1.3K 287 5
                                    

(42) အောင်းပေါင်ပေါင်း ၁

နဂါးနက်လေးရဲ့ ကိုယ်က  တောင့်တင်း သွားကာ အသာလေး ရုန်းကန်ပေမယ့် ပွေ့ဖက်မှု ထဲ ကနေပြီးတော့ မလွတ်နိုင်ခဲ့ပေ။

ပေါ်ဝမ် က အိပ်နေဆဲ ဖြစ်ပြီးတော့ နျင်းချု ကလည်း အသံအကျယ်ကြီး မလုပ်ရဲပေ။ သူက နဂါးနက်လေးကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီးတော့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အသံကို နိမ့်ပြီးပြောလိုက်တယ်။

'' ငါ အိမ်မက် မက်နေတာတော့ မဟုတ်ဘူး နော်.....''

နဂါးနက်လေး က သူ့ခေါင်းကို စောင်းဖို့ တွန်းအားပေး လိုက်ကာ နျင်းချု အနောက်ကို ကျော်ကာ သူ့လည်ပင်းသူ ကုတ်နေတဲ့ ဘာမှ မသိချင်ယောင် ဆောင်လိုက်တဲ့ အောင်းဝ်စန်းကို လှမ်းကြည့်လိုက်တယ်။ အောင်းဝ်စန်း က အဝေးကို အကြည့် လွဲထားခဲ့လေတယ်။

ဝရံတာ ကနေ လေအေးတစ်သုတ် တိုက်လာတဲ့ အခါမှာတော့ နျင်းချု က စိတ်တည်ငြိမ်သွားကာ သူ့ရဲ့ ခေါင်းကို သူ့လက်မောင်း ထဲက အောင်းပေါင်းပေါင်း ဆီကို ပွတ်သပ်လိုက်တယ်။

'' စန်းစန်း က မင်းကို ဒီနေရာ ခေါ်လာခဲ့တာလား။ မင်းက ငါ့ကို မှတ်မိနေသေးလား။ ဟုတ်တယ်မလား?..... ''

နျင်းချု က အရမ်းမှီကပ်လာတာကြောင့် နဂါးနက်လေးရဲ့ နှာခေါင်းထဲ မှာ သူ့အငွေ့အသက်တွေ ပြည့်နေကာ နူးညံ့တဲ့ အဝတ်စ တွေနဲ့ နျင်းချုရဲ့ မျက်နှာ တစ်ဖက်က သူ့ရဲ့ အကြေးခွံတွေကို ထိထားကြလေတယ်။

သူက ထပ်ပြီးတော့ ရုန်းကန် လိုက်ပြီးတော့ သူ့ရဲ့ ရှေ့ခြေလေးကို မြှောက်ကာ နျင်းချုရဲ့ ပါးစပ်ကို ဖိလိုက်ပြီးတော့ နေရာအနှံ လိုက်ပွတ်သပ် နေတာကို ရပ်တန့်စေလိုက်တယ်။

နျင်းချု ရဲ့ ရုပ်ရည်က လွဲရင်.......  သူက အများကြီး သိပ်ပြီးတော့ ပြောင်းလဲ မသွားပါပေ။ သူက အမြဲတမ်း ပွေ့ဖက်ဖို့ အခွင့်အရေး ရှာနေပြီးတော့ အမြဲတမ်းပဲ နမ်းရှုံ့ချင်နေတာလေ။ ပြီးတော့ သူ့ကိုယ်သူ လည်း အဖေလို့ ခေါ်ရတာ ကို သဘောကျ နေသေးတယ်။

နျင်းချုက ပေါင်ပေါင်းရဲ့ လက်တစ်ဖက်လေးကို ဆွဲချကာ အသာလေး ဖြစ်ညှစ်လိုက်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now