အပိုင်း (47)

1.5K 269 3
                                    

(47) ဥဖောက်ခြင်း ၂

အဲ့ဒါ က အရင် ဂိမ်း ဇာတ်ကောင် ကို ချစ်ခင်မှု ပြတာနဲ့ အခု က အရမ်းကို ကွဲပြားလေတယ်။ သေချာစွာ ညှပ်ထားတဲ့ လုံးဝန်းနေတဲ့ လက်ချောင်းထိပ်လေး က သူ့ရဲ့ အကြေးခွံတွေကို အသာအယာ ကုတ်တာကြောင့် နဂါးနက်လေး ခမျာ လည်းချောင်းထဲက ညီးသံကို မထိန်းနိုင်လုနီးပါးပဲ။

သူက ခေါင်းကို စောင်းလိုက်ပြီးတော့ နျင်းချုရဲ့ လက်ဖဝါးထဲကို နစ်မြုပ်လိုက်တယ်။ ပြီးတော့ သူ့လည်ပင်းထဲက နေ မနေနိုင်စွာ နဲ့ပဲ အသံသေးသေးလေး ' ခီး ' ဆိုပြီးတော့ ထွက်လာလေတယ်။

အောင်းဝ်စန်း လေး ကလည်း အရမ်းကို မနာလို နေပြီးတော့ သူ့လည်း နျင်းချုရဲ့ ပွတ်သပ်ပေး ခြင်းကို ခံရလိုလေတယ်။ ဒါပေမယ့် သူလည်း ကပ်သွားပြီးတဲ့နောက် နဂါးနက်လေးရဲ့ မျက်လုံး အနီတွေနဲ့ စိုက်ကြည့်ခြင်း ကို ခံလိုက်ရတဲ့ အတွက်ကြောင့် သူက တိတ်တဆိတ်ပဲ နေရာမှာတင် ပြန်လဲ လိုက်လေတယ်။

နျင်းချုလဲ ပြန်အိပ်ပျော် သွားတဲ့ အချိန်မှာတော့ နဂါးနက်လေး က နျင်းချုရဲ့ လည်ပင်းနားမှာ သင့်တော်တဲ့ နေရာ ကို ရာပြီးတော့ လှဲ ချ လိုက်တော့တယ်။

ညနေခင်း ၇ နာရီ ထိုးခါနား နီးတော့မှ သူဟာ ပြိုင်ကွင်းကို သွားလေတယ်။ သူလည်း ထွက်သွားပြီးတော့ သိပ်မကြာခင် မှာပဲ အိပ်ဆောင်အလွတ်ထဲမှာ ဝူးယူး ရဲ့ ရုပ်သွင် က ပေါ်လာခဲ့လေတယ်။

ဝူးယူး က ခါတိုင်း ဝတ်နေကြ အနက်ရောင် ဝတ်စုံကို ဝတ်ကာ အောင်းဝ်စန်းအား နဂါးဥလေး အားစောင့်ရှောက် ဖို့ မှာပြီးတော့ ဖြောင့်တန်းစွာ နဲ့ပဲ ထွက်သွားတော့တယ်။

သိသိသာသာ ကိုပဲ အိပ်ဆောင်ထဲက ထွက်လာတဲ့ ကျောင်းသားတွေက လျောက်လမ်းမှာ ရှိနေဆဲ ဖြစ်ပြီးတော့ သူတို့က ဒီအိပ်ဆောင် အဆောက်အဦးမှာ ဝူးယူး ကိုတွေ့လို့ အရမ်းကို အံ့သြ နေကြလေတယ်။

ဝူးယူးလည်း ပြိုင်ကွင်းကို ရောက်တဲ့ အချိန်မှာတော့ ပြိုင်ကွင်းထဲက တိုက်ပွဲ ကလည်း အချိန်အကြာကြီး မဟုတ်ပဲ ပြီးသွားလေတယ်။ သူလာတာကို ဘေးနားက လူတွေက မြင်တဲ့ အတွက်ကြောင့် သူ့အတွက် လမ်းဖယ် ပေးကြလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now