အပိုင်း( 48)

1.2K 231 0
                                    

(48) ဥဖောက်ခြင်း ၃

ဒါပေမယ့် ဘယ်လိုပဲ စိတ်ကို တင်းထားပါစေ သူက အကြာကြီး စိတ်မဆိုးနိုင်တာကြောင့် လက်မောင်းတွေကို ဖွင့်ကယ နဂါးနက်လေးကို ပွေ့ဖက် လိုက်လေတယ်။

'' လျောက်ပတ် ပြေးမနေပါနဲ့ဆို။ တကယ်လို့ မင်းတို့ကို တစ်ယောက် ယောက် တွေ့သွားရင် ဒုက္ခ ရောက်သွားနိုင်တယ်။ ''

အောင်းဝ်စန်း က အရွယ်ရောက်ပုံနဲ့ ကလေးပုံကို လွယ်ကူစွာ ပြောင်းလဲ နိုင်တာ ဖြစ်ပြီးတော့ အောင်းဝ်ပေါင်ပေါင်း လေး ကလည်း သေချာပေါက် ပြောင်းနိုင်မှာ ပဲ ဖြစ်လေတယ်။ နျင်းချု က သူ့ရဲ့ ခွန်အားအတွက် စိတ်ပူတာ မျိုး မဟုတ်ပေမယ့် မှော်နဂါးက အကယ်ဒမီထဲမှာ ရှိနေတယ်ဆိုတာ တစ်ယောက် ယောက် သိသွားမှာကို ကြောက်နေတာ ပဲ ဖြစ်လေတယ်။

တကယ်လို့ သူတို့သာ ဒီနေရာမှာ မနေရတော့အောင် ဖိအားပေး ခံ ရပြီ ဆိုရင် သူက ဘယ်နေရာကို သွားရမှာတဲ့လဲ?

အထူးသဖြင့် အောင်းဝ်ပေါင်ပေါင်းလေး က သူနဲ့ စာချုပ်ချုပ်လို့ မရဘူးလေ။

နဂါးနက်လေး က နျင်းချုကို ကြည့်နေပြီးတော့ သူက ဘာကိုမှ သံသယ မဝင်တာ ကို တွေ့တော့မှပဲ နဂါးနက်လေးဟာ နျင်းချုရဲ့ လက်ဖဝါးကို နဂါးနက်လေး နောက်ကျောက တောင်ပံနဲ့ အသာလေး တိုးကာ ဖက်ထားရာကနေ လွတ်ထွက်သွားပြီး အိပ်ယာအစွန်ဆီ ပျံသွားကာ လှဲချ လိုက်တော့တယ်။

နောက်တစ်နေ့ မနက်မှာတော့ နျင်းချုက အချိန်မှီ နိုးထ လာကာ ဒီနေ့တက်ရမယ့် သီအိုရီအတန်း အတွက် စာအုပ်ရှာကာ အတန်းကို သွားဖို့ရာ ပြင်ဆင်တော့တယ်။

ပေါ်ဝမ် က မျက်နှာသစ် ပြီးတော့ ထွက်လာတော့ နျင်းချုက စာအုပ်တွေ ယူနေတာ ​တွေ့လိုက်ရတော့ သူက ပြောလိုက်လေတယ်။

''အိုး ဟုတ်သားပဲ။ ဒီနေ့ သီအိုရီ အတန်း ကနေ လက်တွေ့ အတန်းကို ပြောင်းထားတယ်။ မနေ့က မင်းကို ငါပြောဖို့ မေ့သွားတယ်။ ''

နျင်းချုက ' အိုး ' လို့ တုံ့ပြန်ပြီးတော့ သူ့လက်ထဲက စာအုပ်ကို ပြန်ချ လိုက်လေတယ်။

နျင်းချု က အချိန်အတော်ကြာ ကတည်းက မထိ တာ ဖြစ်တဲ့ သူ့ရဲ့ မှော်တုတ်တံ ကို ယူလိုက်လေတယ်။ ပြီးတော့ လေ့ကျင့်ရေး ကွင်းပြင် ဆီကို သွားလိုက်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now