အပိုင်း (54)

1K 206 0
                                    

(54) ထောင်ချောက် ၃

သူက သူ့ကို တွေ့ကတည်းက ဘာတွေ ဖြစ်သွားတာ လဲ ဆိုတာကို မေးချင်နေတာ ဖြစ်လေတယ်။ ပြီးတော့ ဒီနေရာမှာလည်း ဘယ်လေ ရှိတယ် ဆိုတော့ သူ့ရဲ့ ကိုယ်ရေးအမှန်ကို မှန်ကန်တဲ့ အချိန်မှာ ဖော်ပြလို့ လွယ်သွားပြီ ပဲ ဖြစ်လေတယ်။

ဝူးယူး အတွက်ကတော့လား။ အစကတည်းက မှ သူနဲ့ အသင်းဖွဲ့ထားတာ မှ မဟုတ်တာ။ ဒါကြောင့် နျင်းချု က ဝူးယူး ကို ဂရုမစိုက်ပါပေ။

( ဟိုက ပုလဲ မျက်ရည် ခ တော့မှာပဲ)

အခုလေးတင် စကားပြောလိုက်တဲ့ ကျောင်းသားက သဘောတူလိုက်တဲ့ ဝူးယူးကို အံ့သြတကြီးနဲ့ ကြည့်လိုက်တယ်။ ဝူးယူး ကတော့ ခေါင်းအသာ ငြိမ့်ပြီး ပြောခဲ့တာ ဖြစ်လေတယ်။

'' သေချာတာပေါ့ ''

နျင်းချု က မတက်နိုင်တော့ပဲ သူ့ခေါင်းကို လှည့်ကာ ဝူးယူးကို ကြည့်လိုက်လေတယ်။ ဝူးယူးရဲ့ မျက်နှာက အေးစက်နေကာ မပြောင်းမလဲ ဖြစ်နေဆဲ ဖြစ်ပြီးတော့ ဘာအမူအရာ ကိုမှ မဖော်ပြထား ပါပေ။

သူက သူ့ရဲ့ အပေါ်ဝတ်ကို တင်းကျပ်စွာ ဖက်ထားပြီးတော့ ဘာစကားမှ ထပ်မပြောခဲ့ပေ။ လူတိုင်းက ထိုနေရာကနေ ထွက်သွား ပြီးတော့ ငွေရောင်ထောင်ချောက် က ပိတ်နေဆဲ ဖြစ်ကာ အတွင်းထဲမှာတော့ အလွတ်ကြီး ဖြစ်နေခဲ့ပါပြီ။

ဘယ်လေနဲ့ တစ်ခြားသူတွေက လူတွေနေထိုင်တဲ့ ဧရိယာ ဘက်ကနေ အကူအညီ တောင်းချက်တစ်ခု ကို ရရှိခဲ့တဲ့ အတွက်ကြောင့် အုပ်စုကြီး ထဲက ခွာကာ တစ်ချက် လာကြည့် ခဲ့တာ ပဲ ဖြစ်လေတယ်။

ပြီးတော့ ပြန်တဲ့လမ်းမှာ ဦးတည်ရာပြောင်းသွားပြီး နျင်းချုနဲ့ ဝင်တိုးမိ ကြတာပဲ ဖြစ်လေတယ်။

လမ်းမှာတော့ ဘယ်လေ က ဝူးယူးရဲ့ စာချုပ်သားရဲ ကို အရမ်း စိတ်ဝင်စား ပြီးတော့ မေးလာခဲ့တယ်။

'' အဲ့တာက နဂါးတစ်ဝက်မျိုးစိတ်လား?နာမည်က ဘာတဲ့လဲ?''

ဝူးယူး က တစ်ခြား ဟူးမန်း တွေနဲ့ အခုလို နီးနီးကပ်ကပ် မနေဘူးတဲ့ အပြင် အခုလို မေးခွန်းမျိုးပါ အမေးခံရတဲ့ အတွက်ကြောင့် သူက အချိန်တစ်ခုထိ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now