အပိုင်း (73)

489 89 2
                                    

(73) ငါ့နောက်ကို မလိုက်ခဲ့နဲ့ (၃)

အဲ့အချိန်မှာ ပဲ နဂါးပု ကလည်း ဒေါသ ထွက်စွာ ထလာ ပြီးတော့ နျင်းချု က သူ့သခင် ဖြစ်သလို ဟန်ဆောင်ကာ ထိုလူ ဆီ ကို သွားဖြဲပြီး မာန်ဖီ လိုက်တယ်။

ထိုကြေးစား ခမျာ အရမ်းကို တုန်လှုပ်သွားပြီးတော့ မြစ်ထဲကို ပြုတ်ကျ လုနီးပါး ဖြစ်သွားလေတယ်။ သူက သူ့ကိုယ်သူ ပြန်တည်ငြိမ်နိုင်အောင် ထိန်းလိုက် ရပြီးတော့ ဝူးယူး ကို အားလျော့စွာ နဲ့ ပြောလိုက်တယ်။

'' မင်းရဲ့ စာချုပ်သားရဲကို ပြန်ထိန်းအုံး..
....''

ဝူးယူး က အဲ့လူကို စိတ်ထဲတောင် မထည့်ပဲ နျင်းချု ဘက်ကို လှည့်ကာ ပြောလိုက်တယ်။

'' ပြန်ကြတော့ မလား? ''

ဒီနေရာ တစ်ဝိုက်မှာ နဂါးတွေ ထက်ပြီးတော့ မကျန် တော့ပါပေ။ ပြီးတော့ ထိုဧရိယာ တစ်ဝိုက် က မှော်သားရဲတွေ ကိုလည်း ရှင်းလင်းပြီး ဖြစ်တဲ့ အတွက်ကြောင့် နျင်းချု က ဆုံးဖြတ်ချက် ချ လိုက်လေတယ်။

'' ပြန်ကြစို့''

သူတို့ သွားတော့ မှာကို ကျောင်းသား တွေက မြင်လိုက် ရတဲ့ အချိန်မှာတော့ သူတို့က အရမ်းပဲ တုံ့ဆိုင်း နေပေမယ့် နျင်းချု တို့ကို ဆက်နေပေးဖို့လည်း မတောင်းဆို ရဲပါပေ။ သူတို့က နျင်းချုကို ကြောက်ကြ လို့ မဟုတ် ပေမယ့် သူတို့က ဝူးယူး ကိုတော့ ကြောက်ကြ လေတယ်။

သူတို့တွေ ဟာ ဝူးယူးနဲ့ နျင်းချုတို့ နဂါးပေါ် တက်ပြီးတော့ ပြန်သွားတာ ကိုပဲ ရပ်ကြည့် နေကြလေတယ်။ ဒါတောင်မှ နဂါးပေါ် တက်တဲ့ အခါ ဝူးယူး က နျင်းချုကို လက်ကမ်းပေး လိုက် တာကိုတောင် သူတို့တွေ မြင်တွေ့ လိုက်ကြ ရလေတယ်။

နဂါးက လူ နှစ်ယောက် ကို သူ့ရဲ့ နောက်ကျောပေါ် မှာ သယ်ဆောင် ပြီးတော့ ကောင်းကင် အမြင့်ကြီး ပေါ်ကို ပျံသန်း သွားကာ အတော်လေး ဝေး သထက် ဝေးတဲ့ နေရာကို ရောက်သွား ခါမှ ကျောင်းသား တစ်ယောက် က စိတ်လှုပ်ရှား စွာနဲ့ ပြောလိုက်တယ်။

'' ဆိုတော့လေ အဲ့ ကောလဟာလ က....
တကယ်ကြီး မှန်နေတာ ပဲပေါ့။ ဟုတ်တယ်မလား ''

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now