အပိုင်း (7)

1.9K 337 1
                                    

(7) ငွေဖြည့်သွင်းခြင်း (၂)

နောက်တစ်နေ့ မနက်ခင်း မှာတော့ နျင်းချူ က အဖွဲ့သားတွေနဲ့ အတူတူ ထကာ သစ်တောအတွင်း ပိုင်း ဆီကို သွားကြတော့တယ်။ သူတို့ မသွားခင် အချိန်လေး အတွင်းမှာ ဘယ်လေ က နျင်းချူ အတွက် မနက်ခင်းစာ အစားအသောက် ယူလာခဲ့ပေးပြီးတော့ သူကလည်း အနည်းငယ် ရှက်ရွံ့ စွာနဲ့ ပဲ လက်ခံ ခဲ့လေတယ်။

သူကူးပြောင်းလာတဲ့ အချိန် တုံး က ကျောပိုးအိပ် တောင် မပါတဲ့အပြင် သူ့မှာ ပါတာ ဆိုလို့ ခွင့်ပြု တာဝန် ကဒ်နဲ့ မှော်တုတ်တံ အဟောင်း တစ်ခု ပဲ ပါလာလေတယ်။

ဘယ်လေ က သူ့ကို အဖွဲ့ထဲ မှာ နေခွင့်ပေး ပြီးတော့ အလကားလည်း စားသောက်ခွင့် လည်း ပေးထားခဲ့သေးတယ်။ ဒါကြောင့် နျင်းချူ က ကျေးဇူးတင်တဲ့ အနေနဲ့ သူက အဖွဲ့ရဲ့ လုပ်စရာ တွေကို ကူလုပ်ပေး ခဲ့ပြီးတော့ ပစ္စည်းတွေ ကူသယ်ပေးတာ မျိုးနဲ့ သူများမလုပ်ချင်တဲ့ အလုပ်တွေ လုပ်ပေးတာ စသဖြင့် သူလုပ်ပေးနိုင်သမျှ ကို လုပ်ပေးခဲ့လေတယ်။

သူတို့ စထွက်တော့မယ့် အချိန်ရောက်လာတဲ့ အခါမှာတော့ လူတိုင်းရဲ့ ဘေးမှာ သားရဲတစ်ကောင် ဆီ ရှိနေတာကို နျင်းချူ တွေ့ရလေတယ်။ သူ့ခန့်မှန်းချက် အရတော့ အဲ့ကောင်တွေက ဘယ်လေ ပြောသလို သူတို့ရဲ့ စာချုပ်သားရဲ ပဲ ဖြစ်ရမယ်။

သူတို့ကို ကြည့်ရတာ အရမ်းကို ထူးဆန်းနေပြီးတော့ နျင်းချူ က သူတို့ရဲ့ အမျိုးအစား တွေကို မမှတ်မိခဲ့ပေ။ ထိုကောင်တွေက သူတို့ရဲ့ သခင်တွေ ဘေးမှာ ငြိမ်​ငြိမ်လေး နဲ့ လိမ္မာစွာ ရပ်နေခဲ့ကြလေတယ်။

နျင်းချူ တစ်ယောက် အသင်းအဖွဲ့သားတွေရဲ့ စာချုပ်သားရဲ တွေကို ကြည့်နေတာ တွေ့လိုက်ရတဲ့ အချိန်မှာတော့ ဘယ်လေ က ထပ်ပြီးတော့ ရှင်းပြ လိုက်လေတယ်။

'' မနေ့တုံးက အနီရောင်မီးတောက် နဂါး ပေါ်ထွက်လာတဲ့ အချိန်တုံးက ဒီထဲက ဘယ်သားရဲကမှ အဲ့လောက် အဆင့်မမြင့်လို့ ဖိအားဒဏ်ကို သေချာပေါက် မခံနိုင်ဘူးလေ။ ဒါကြောင့် သူတို့ကို အဲ့တုံး က တိုက်ဖို့ မထုတ်ခဲ့တာ ပဲ ''

ဒါဟာ သူ့ရဲ့ ရှင်းရှင်းလင်းလင်း ပြောတက်တဲ့ အကျင့်တစ်ခု ပဲ ဖြစ်တယ်။ စာချုပ်သားရဲက အဆင့် ၃ဒါမှမဟုတ် အဆင့်၄ လောက်ရှိရင် သာမန် နဂါးတစ်ကောင်ကို တိုက်ခိုက်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခြား တစ်ဖက်ကသာ မှော်နဂါး ၅ ကောင်ထဲက တစ်ကောင် ဖြစ်ခဲ့ပါက သူတို့ကို ပြန်တိုက်ဖို့ ဆိုတာကတော့ လုံးဝကို စွမ်းအားကင်းမဲ့ သွားပြီပဲ ဖြစ်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now