အပိုင်း (31)

1.3K 276 0
                                    

(31) မီးရှို့ခြင်း ( 3)

မနက်ခင်း ငွေရှာတာက ခရမ်းရွှေပြား ၆၀ ရရှိခဲ့ လေတယ်။  ချီဟန် က သူ့ရဲ့ အိမ်ဆောင်ကို ပြန်လာပြီးတဲ့ နောက်မှာ ဂိမ်းတွင်း ငွေကြေးကို ကြည့်လိုက်တဲ့ အချိန်အခါမှာတော့ ၁၃၀ ခရက်ဒစ် ကျန်နေလေတယ်။

သူသုံးလို့ ကုန်သွားတဲ့ ဟာတွေက နဂါးခရစ်စတယ် ဝယ်ရတာရယ်၊ မိုးပျံတိမ်တိုက် နဂါးအတွက် ဆေးဝယ်ပေးတာနဲ့ နဂါးကျွန်းပေါ် ကို အသေးအဖွဲ ပစ္စည်းတွေ ဝယ်ပေးရင်း သုံးလိုက်တာပဲ ဖြစ်တယ်။

နဂါးဥ ပေါက်တာ က ဘယ်အချိန်ဆိုတာ မသေချာသေးပေမယ့် ဥ မပေါက်ခင်တိုင်အောင် နျင်းချု က နဂါးခရစ်စတယ် တွေကို ထောက်ပံ့ ပေးချင်နေလေယ်။

အရင်တုံးက အောင်းဝ်ဝူလေး ရဲ့ ကိုယ်အရွယ်အစား က အတော်လေးကို မကောင်းမွန်ခဲ့ ပါပေ။ သူမက အရွက်စားတဲ့ မျိုးစိတ်ဖြစ်တာကြောင့် တစ်ခြား သားပေါက်အသေးလေး တွေနဲ့ ကွဲပြားနေတာ လား ဆိုတာကိုတော့ နျင်းချူ လဲ မသိပါပေ။ ဒါပေမယ့် သူမလေး က အရမ်းကို အရေပြားပါး  လေတယ်။

မိုးရွာတဲ့ နေ့တွေမှာဆိုရင်  သူမက မကြာခဏ အအေးမိတက်ပြီး အချိန်တိုင်း နှာချေ နေတက်တယ်။ နျင်းချု က သူမကို ကုသဖို့ ဆေး အများကြီး ကျွေးခဲ့ပေမယ့် သူမက သိပ်ပြီးတော့ မကောင်းလာခဲ့ပေ။

ဒီအချိန်မှာ တော့ ဥ ကနေ မပေါက်လာသေးခင် သူမကို ဥခွံကနေ ကျန်းမာသန်စွမ်းမှုတွေ ရရှိစေဖို့ မျှော်လင့်နေမိတယ်။ ဒါမှသာ သူမရဲ့ ကိုယ်လေး က တစ်ချို့ တိုးတက်ကောင်းမွန် မှုတွေ ရှိလာ လောက်မှာ ပဲ ဖြစ်တယ်။

နဂါးခရစ်စတယ် တစ်ခုကို ခရက်ဒစ် ၁၅၀ ကျသင့်ပေမယ့် အဲ့တာက ဆယ်ရက်ကြာရင် အဲ့တာရဲ့ အာနိသင်က တဖြေးဖြေး ကုန်သွားမှာ ပဲ ဖြစ်လေတယ်။ ကြိုပေးထားတဲ့ ခရမ်းရွှေ တစ်ရာ အတွက် အကုန်လုံး ပြန်မပေးရ သေးခင် နျင်းချုက တာဝန်ရုံးကို အခွင့်အရေး ထပ်ပြီးတော့ တောင်းဆိုနိုင်မှာ မဟုတ်ပေ။

အခုချိန်မှာ အရေးအကြီးဆုံး ကတော့ ငွေရှာ နိုင်ဖို့ပဲ။

ပေါ်ဝမ် က တစ်ရေး အိပ်နေပြီဖြစ်တဲ့ အတွက် နျင်းချု က ပြန်လှည့် ကာ  သူ့ရဲ့ အိပ်ယာဆီကို သွားလိုက်ပြီးတော့ လက်ထဲက အောင်းဝ်စန်းလေး ကို ခပ်တိုးတိုး ပြောလိုက်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now