အပိုင်း (18)

1.6K 257 4
                                    

(18) အာဝူး!  ( ၂)

နေ့အချိန်မှာပဲ သူက အဲ့နေရာကို တစ်ချက်လောက် သွားကြည့်ခဲ့လေတယ်။ ဂူအပေါက်ဝမှာ ထားခဲ့တဲ့ ယုန်အသားတွေက ပျောက်ဆုံး နေချိန်မှာ အသားနဲ့အတူ ထားခဲ့ပေးတဲ့ မြက်တွေ အများစုကတော့ ဂူထဲကို ဆွဲသွားခံ ရပြီး မြေပြင်ပေါ်မှာ ပြန့်ကျဲ နေတာကို တွေ့လိုက်ရလေတယ်။

ညအချိန် နျင်းချု အွန်လိုင်း ထပ်တက်လာပြန်တဲ့ အချိန်မှာတော့ နဂါးပေါက်စ လေးတွေဟာ အဲ့မြက်လေးတွေ အပေါ်မှာ အိပ်နေကြတာကို တွေ့လိုက်ရလေတယ်။ ပြီးတော့ ပိုပြီး အရွယ်ရောက်ပြီးသား သာမန် နဂါးတစ်ကောင် ကလည်း အဲ့ ဂူရဲ့ အဝင်ဝမှာ အိပ်​နေတာ ကို တွေ့လိုက်ရလေတယ်။

နျင်းချု က တစ်ခဏလောက် ကြည့်ပြီးတော့ မြေပုံရဲ့ တစ်ခြားနေရာ တွေကို စစ်ဆေးဖို့ သွားခဲ့လေတယ်။

တောင်ရဲ့ အနောက်ဘက်မှာ တောရိုင်းကောင်တွေ အတော်များများ ရှိနေခဲ့လေတယ်။ ယုန် တွေ ၊ နွားတွေ ၊ ကြက်တွေနဲ့ တစ်ခြား အကောင်တွေ ။ သူအရင်တုံး က စျေးဆိုင်ကနေ အကောင်ပေါက်တွေ ဝယ်ကာ လွပ်လပ်စွာ လွတ်ထားပြီးတော့ သားဖောက်ထားတဲ့ အကောင်တွေ ကနေ ပေါက်ပွား လာခဲ့တာပဲ ဖြစ်ရမယ်။

အဲ့အစာတွေက သူ့ကလေးတွေ အတွက်ဆိုရင်တော့ အတော်လေး ကို မလုံလောက် ပါချေ။ ဒါပေမယ့် စျေးဆိုင် ကလည်း အခုထိ သော့မဖွင့် ရသေးတဲ့ အတွက်ကြောင့် သူကလည်း ပစ္စည်းတွေကို ဝယ်လို့ မရသေးပါပေ။

နျင်းချု က အနည်းငယ် ပူပန်လာပြီးတော့ သူက ငွေပိုရဖို့အနည်းငယ် အလုပ် ကို ကြိုးစား လုပ်ရတော့မယ်လို့ တွေးမိလေတယ်။ သူက ဘေးကို လှည့်လည်သွားလာ ပြီးတော့ လိုင်းပိတ် သွားလေတယ်။ ခရမ်းနက်ရောင် မျက်ဝန်းတွေ ရှိတဲ့ နဂါးက ကျွန်းကို  ပြန်လာတဲ့အချိန်မှာတော့ လွဲ သွားပြီပဲ ဖြစ်လေတယ်။

ထိုနဂါး က ဂူရဲ့ အရှေ့ကို သွားကြည့်တဲ့ အခါ  စားစရာ အပိုတွေနဲ့ မြက်တွေအား မြင်ရဖို့ မျှော်လင့်ခဲ့ပေမယ့် လုံးဝ ရှာမတွေ့ခဲ့ပေ။ သူ့ရဲ့ မျက်ဝန်းတွေ ထဲမှာ အနည်းငယ် စိတ်ပျက် သွားပုံတွေ ပေါ်နေလေတယ်။ သူ့ရဲ့ ကိုယ်က ကျူံ့သွားပြီးတော့ ဂူထဲကို ဝင်သွားခဲ့လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now