အပိုင်း (38)

1.3K 277 0
                                    

(38) အရှုံးကို ဝန်ခံခြင်း ၃

ဝူးယူး ရဲ့ ပြန်လာပြီ ဆိုတဲ့ သတင်းကို ပေါ်ဝမ် က ပြောတဲ့ အတွက်ကြောင့် နျင်းချု က သိပြီလား ပဲ ဖြစ်လေတယ်။ ပေါ်ဝမ် ကဝူးယူး ရဲ့ ပရိတ်သတ် တစ်ယောက် ဖြစ်ပြီးတော့ သီအိုရီ အတန်းထိ အောင်တောင် မှ သူ့အကြောင်း ဆက်တိုက် ပြောနေခဲ့တယ်။ ပြီးတော့ ဝူးယူး နဲ့ ပြိုင်ကွင်းက ' နျင်း ' တို့ ပြိုင်ကြတဲ့ အခါ ဘယ်သူက နိုင်မလဲ ဆိုတာကို သူ့ခမျာ ခွဲခြား စိတ်ဖြာနေခဲ့လေတယ်။

နျင်းချု က နားထောင်နေရင်း ပေါ်ဝမ် ပြောတာကို သဘောတူ တဲ့ အနေနဲ့ ခေါင်းငြိမ့် ပြလိုက်တယ်။

'' ဒါဆို ဝူးယူး က နိုင်ဖို့ အခွင့်အရေး ပိုများတာ ပေါ့လေ ''

သူ့အတွေး ထဲမှာတော့ သူက ဝူးယူး ကိုသာ သွားပြီး စိန်မခေါ်ရင် ဝူးယူး ကလည်း သူ့ကို စပြီးတော့ စိန်ခေါ်မှာ မဟုတ်လောက်ဘူး လို့လေ။

တစ်ခြား တစ်ဖက် မှာတော့ သူက ဝူးယူး ရဲ့ ခွန်အား အမှန်ကို မသိပေ ။ ပြီးတော့ လည်း ဝူးယူးမှာ နဂါး တစ်ကောင် ရှိလို့ ပဲ ဖြစ်လေတယ်။ တစ်ခြား သူတွေ မသိဘူး ဆိုရင်တောင် မှပဲ အဲ့တာ က နဂါးမျိုးစိတ် အစစ် ကောင်ပါ။ ပြီးတော့ နျင်းချုက ပြိုင်ကွင်း ထဲမှာ နဂါးပုလေး ကို မရိုက်နှက်ချင်ပေ။

ဘယ်လို ပဲ ဖြစ်ဖြစ်ပါ အဲ့ ညနေခင်း မှာတော့ ပြိုင်ကွင်း ကနေ ယှဥ်ပြိုင်တွဲ ပေးတဲ့ စာတစ်စောင် က နျင်းချု ဆီကို ရောက်လာခဲ့ လေတယ်။ ဒီနေ့ ညနေခင်းမှာ ယှဥ်ပြိုင်ဖို့ ကျပန်း ရွေးချယ် ခံလိုက်ရတဲ့ သူတွေ ကတော့ သူနဲ့ ဝူးယူး ဖြစ်လေတယ်။

နျင်းချု က ဒွန်နယ် ကို အရင်ဆုံး သွားရှာ ပြီးတော့ သူ့ရဲ့ အမူအရာ က လုံးဝကို ရှုပ်ထွေးနေခဲ့တယ်။

'' ခများ ဒါကို ရည်ရွယ်ချက် ရှိရှိ လုပ်တာ မလား? ''

ဒွန်နယ် ရဲ့ မျက်နှာလေး က အရမ်းကို အပြစ်ကင်း နေလေတယ်။

'' မင်း ဘယ်လိုတောင် တွေးရက် ရတာ လဲကွာ။ ရွေးချယ် မှု က လုံးဝ ကို ကျပန်းပါ။ အဲ့တာ က ရှုံးပွဲ မရှိ နတ်ဘုရားလေ။ ဘယ်တစ်ယောက် ကမှ သူ့ကို အနိုင်မတိုက်နိုင်ဘူးလေ။........မင်း က ပွဲစဥ်ကို ရှောင်ချင်လို့လား?''

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now