အပိုင်း (17)

1.6K 301 6
                                    

(17) အာဝူး!  (၁)

အောင်းဝ်စန်း က သူ့ရဲ့ တောင်ပံတွေကို လှုပ်လိုက်တာ နဲ့ သူ့ရဲ့ ကြီးမားတဲ့ ကိုယ်ကြီးက ပျောက်ကွယ်သွားလေတယ်။

အဲ့နေရာမှာ အစောက ရှိနေတဲ့ ပုံရိပ်အကြီးကြီး က ကွယ်ပျောက် သွားပြီးတော့ နဂါးလူပျိုပေါက် အရွယ်လေး က ပေါ်လာကာ မြက်ခင်းပြင်ပေါ်မှာ အလွန်အမင်း မာနကြီးစွာနဲ့ ငုတ်တုပ်လေး ထိုင်နေခဲ့တယ်။ အဲ့ဟာလေးက မီးတောက်နီ နဂါးရဲ့ အရွယ်ကျုံ့သွားတဲ့ ဗာရှင်းလေး ပဲ ဖြစ်လေတယ်။

နဂါးလေး က ဝူးယူး ရဲ့ အနားကို ပျံသန်းသွားပြီးတော့ ဘေးနားကို ဆင်းသက်လိုက်ကာ သူ့ရဲ့ ခေါင်းကိုအသာလေး ငြိမ့်သက်လိုက်တယ်။

[..... လမ်းမှာ အနည်းငယ် နှောင့်နှေး သွားလို့]

ဝူးယူး က အဲ့အကြောင်းကို ဂရုမစိုက်ခဲ့ပေ။ သူက သူ့ရဲ့ ဓားကို ဓားအိမ်ထဲ ထိုးစိုက်လိုက်လေတယ်။

'' မင်း သူမကို ရှာတွေ့ခဲ့လား? ''

အောင်းဝ်စန်း က သူ့ရဲ့ ရှေ့ခြေသည်းလေးနဲ့ ကျောက်တုံးလေးကို ကုတ်ခြစ်နေခဲ့လေတယ်။

[ ဟင့်အင်း ]

ဝူးယူး က မျက်မှောင် ကြုတ်လိုက်တယ်။

'' ထပ်ပြီးတော့ ရှာလိုက် ''

နောက်ဆုံး နှင်းဆီ ရွက်စိမ်း နဂါးရဲ့ တည်နေရာက ဒီတောအုပ်ထဲမှာ ပေါ်လာတာဖြစ်ပြီးတော့ သူမကို ဒီတောအုပ်ထဲမှာ အရိပ်အယောင်တောင် မတွေ့ရဘူး ဆိုတာ ကို သူလုံးဝ မယုံကြည်နိုင်ဘူး ။

နှင်းဆီ ရွက်စိမ်း နဂါးအကြောင်း ကို တွေးလိုက်တဲ့ အခါမှာတော့ ဝူးယူး ရဲ့ မျက်လုံးတွေက နီရဲ ပြီးတော့ နက်မှောင်လာတယ်။ ကြမ်းတမ်းခြင်းနဲ့ ဒေါသတွေ ကြားက အကြည့်တွေ ပေါ်လာပြီးတော့ အမြန်ပဲ ချက်ချင်း ပြန်လည် ဖိနှိပ်လိုက်ရလေတယ်။ သူက ထပ်ပြီးတော့ မေးလိုက်လေတယ်။

''  အနီးနားက နဂါးတွေရော ဘယ်ကို ရောက်သွားတာ လဲ? ''

[သစ်တောရဲ့ အလယ်မှာ။ ငါက တစ်ချိူ့ကောင်တွေကို ကယ်ဆယ်ထား ရတာ။ ပြီးတော့ ဒီနေရာမှာ ငါလည်း ရှိတော့ လူသားတွေက ဒီနေရာကို မလာရဲဘူး]

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now