အပိုင်း (26)

1.5K 290 5
                                    

(26) နဂါးဥ (1)

အောင်းဝ်စစ် က အတော်လေး ကို စိတ်ရှုပ် သွားတယ် ။

ဘာကြောင့်များ ဝူးယူး ကို ကြည့်ရတာ အရမ်း စိတ်ပျက်နေ ပုံပေါ်ရတာလဲ?

သူ မေးခွန်းတွေ ထပ်မမေး ရဲပေ။ သူ့ရဲ့ အမြီးလေး က ကွေးသွားပြီးတော့ သူ့ရဲ့ ခြေထောက်အောက်ကို ရောက်သွားလေတယ်။

ဝူးယူး က ပြိုကွဲသွား တဲ့ ဟန်မူရာကို တစ်ခဏလောက် ပြသ ပြီးတော့မှ ပုံမှန် ပြန်ဖြစ် သွားခဲ့လေတယ်။

'' မင်းက သူ့ကို ကိုယ်တိုင် မတွေ့ခဲ့မှတော့ သူပြန်လာတယ် ဆိုတာ ကို မင်းက ဘယ်လိုလုပ် သိတာလဲ?''

မီးတောက်ကောင် နဲ့ မိုးကြိုးကောင် က ' နျင်း ' အကြောင်း ပြောခဲ့ပေမယ့် မီးတောက်ကောင် ကနေ နျင်း နဲ့ အတော်လေးကို  တူတဲ့လူသား ကို တွေ့ခဲ့တယ်လို့ ပြောခဲ့တာလေ။

ဝူးယူး စိတ်ငြိမ် သွားပြီးတဲ့နောက် သူက စတင်ပြီးတော့ သဲလွန်စ တစ်ချို့ကို သံသယ ဝင်လာခဲ့တယ်။ သူက သတိကြီးကြီး အမြဲထားတက်တဲ့ သူပဲ ဖြစ်တယ်။ နျင်း က ထွက်သွားတာ အရမ်းကို ကြာနေပြီ ဖြစ်ပြီးတော့ ဘယ်သောအခါမှပြန် မလာတော့ ဘူးလို့တောင် သူက ထင် နေခဲ့တာ လေ။

မိုးကြိုးနဂါး က ဝူးယူး ကို ပြီးခဲ့တဲ့ ရက်အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြောပြခဲ့လေတယ်။ ဂူပေါက်ဝ မှာ မြက်တွေနဲ့ အစားအစာတွေ ပေါ်လာကြောင်း နဲ့ အပြင်ဘက် က နဂါးတွယ်တက်ဖရိန် အကြောင်းကို ရောပေါ့။

ဝူးယူး က မေးလိုက်တယ်။

'' ခြေရာတစ်ခု ဒါမှမဟုတ် အနံ့ တောင်မှ မကျန်ခဲ့ဘူးပေါ့။ ''

မိုးကြိုးနဂါးက ခေါင်းယမ်းပြတာ ကို တွေ့တော့ ဝူးယူး က အနည်းငယ် တိတ်ဆိတ်သွားတယ်။

'' ဒီရက်တွေမှာ နဂါးကျွန်းကို စောင့်ရှောက် ပြီးတော့ ဘယ်နေရာကိုမှ သွားစရာ မလိုဘူး။ အဲ့တာ ရဲ့ နောက်ထပ် ထွက်ပေါ် လာမှုကိုရှာ။ အဲ့တာက တကယ်လို့ နျင်း မဟုတ်ရင်တော့ ''

ဝူးယူးရဲ့ မျက်နှာ က အေးစက်သွားလေတယ်။

''အဲ့လူသား ကို နဂါးကျွန်း ကနေ အသက်ရှင်လျက် မထွက်သွားစေနဲ့ ''

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now