အပိုင်း (53)

1.4K 257 3
                                    

(53) ထောင်ချောက် ၁

ဝူးယူး ရဲ့ စကားကို ကြားလိုက်ခြင်းပဲ အောင်းဝ်ဝူလေး က ခုံပေါ် ကနေ သူမ ဘာသာ ဆင်း လာခဲ့တယ်။ နောက်တော့ '' ဝူ..  '' ဆိုတဲ့ အသံတစ်ခုက်ို ပေးလိုက်တယ်။

ဒါက အမှန်ပဲလား လို့ မေးချင်နေတာ ဖြစ်လေတယ်။

ဝူးယူး ကလည်း တုံ့ပြန်လိုက်တယ်။

'' အဟုတ်ပဲ ''

နျင်းချု က သားရဲတွေ မောင်းထုတ်ဖို့ အပြင်ကို သွားတယ် ဆိုပေမယ့် ဝူးယူး ကတော့ သူ့ရဲ့ တကယ့် ရည်ရွယ်ချက် ကို သိလေတယ်။

နျင်းချု သွားပြီ ဆိုကတည်း က သေချာပေါက် သူလည်း သွားရမှာပေါ့။ အောင်းဝ်ဝူလေး ကိုတေယ့ အကယ်ဒမီ မှာ တစ်ယောက် ထဲ မထားခဲ့ နိုင်ပါပေ။

နျင်းချု က အောင်းဝ်ဝူလေး အပြင်ထွက်ရင် အန္တရယ် ရှိမှာကို ကြောက်နေပေမယ့် သူနဲ့ သာဆိုရင် အောင်းဝ်ဝူလေး ကို သေချာ ကာကွယ်ပေးလို့ ရတယ်လေ။

တစ်ခုတင်ပါပဲ........ ဝူးယူး က နျင်းချုအား သူ့ရဲ့နောက်ထပ် ကိုယ်ရေးအချက်အလတ် တစ်ခုကို မသိစေချင်နေတာ ပဲ ဖြစ်တယ်။

'' အသံတွေ မထွက်နဲ့ သူရှာ မတွေ့သွားစေနဲ့ ''

ဝူးယူး က အောင်းဝ်ဝူလေး ကို ဆက်ပြောတယ်။

'' ပြီးတော့ ငါ က ဘယ်သူလဲ ဆိုတာကို သူ့ကို မပြောပြ ရဘူး။ ''

အောင်းဝ်ဝူလေး က အပြင်ထွက်လို့ နျင်းချုကို တွေ့ရင်တောင်မှ မခေါ်ရတဲ့ အပြင် မလုပ်ရ ဆိုတဲ့ ကိစ္စတွေ အများကြီး ကို ကြားသွားတဲ့ အချိန်မှာတော့ သူမက စိတ်ရှုပ်သွားပြီးတော့ နဂိုက ရှိနေတဲ့ စိတ်လှုပ်ရှားမှုတွေ နဲ့ ကြိုတင် မျှော်လင့် မှုတွေ က ပျောက်ကွယ် သွားလေတယ်။

ဒါပေမယ့် ' အိမ်ဆောင်မှာပဲ နေပြီးတော့ နျင်းချု ပြန်လာတဲ့ အထိ စောင့်နေရမယ် ' ဆိုတာနဲ့ ' နျင်းချုကို တွေ့ဖို့ အခွင့်အရေး ရှိတယ် ' ဆိုတဲ့ ကိစ္စရပ် နှစ်ခုကြားမှာ သူမက နောက်တစ်ခုကို ရွေးချယ်လိုက်လေတယ်။

အောင်းဝ်ဝူက သူမရဲ့ တုတ်တို ဖောင်းကစ်နေတဲ့ ခြေလေးချောင်းကို အသုံးပြုပြီး ဝူးယူး ရဲ့လက်မောင်း ပေါ်ကို ကုတ်တွယ်ကာ သူမ သွားမယ် ဖြစ်ကြောင်း ပြသလိုက်တယ်။ သူမက ကျောကို မတ်မတ်ထား ဖို့ ကြိုးစားရင်း ပြောလိုက်တယ် ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now