အပိုင်း (27)

1.5K 317 3
                                    

(27) နဂါးဥ ( ၂)

ထိုဆေးပင်တွေရဲ့ အရေအတွက်ကို သေချာ ချိန်တွယ် ပြီးတော့ ရှင်းပေးဖို့ရာ အတွက် လုပ်နေစဥ်မှာပဲ တာဝန်ခံ က ဂရုပြုစွာနဲ့ ပြောလာခဲ့တယ်။

'' မင်းလို အခြေအနေ မျိုးနဲ့ဆို ဒီနေရာကို အဲ့လိုမျိုး တာဝန်လက်ခံ ဖို့ ဘာလို့ လာခဲ့ရတာလဲ?''

''..... ''

နျင်းချူ က အဲ့တာဝန်ခံ ရဲ့ ခေါင်းထဲမှာ ဘယ်လို ဇာတ်လမ်းမျိုးတွေ တွေးနေခဲ့သလဲ ဆိုတာကို သူ မသိတာကြောင့် ယဥ်ကျေး ပဲ ပြန်ဖြေ လိုက်တယ်။

'' .... ကျွန်တော် ငွေအရေးပေါ် လိုအပ်နေလို့ပါ ''

နျင်းချုရဲ့ အပေါ်ဝတ်ရုံ က အနည်းငယ် လှုပ်ခါ သွားပေမယ့် သူကတော့ အမူအရာ မပြောင်းလဲ သွားပါပေ။ သူက တစ်ခြားလက်တစ်ဖက်ကို မြှောက်ကာ အဲ့အိပ်ကပ် နားကို ကာကွယ်လိုက်ပြီးတော့ ငြင်သာစွာ ပုတ်ပေးလိုက်လေတယ်။

တာဝန်ခံက နျင်းချု အပေါ်အမြင်ကောင်းတွေ ရှိတဲ့ အတွက်ကြောင့် သူက ချက်ချင်းပဲ ကမ်းလှမ်း လိုက်လေတယ်။

'' ဒါဆိုလည်း ငါက မင်းကို လောလောဆယ် ဘာလို့ ခရမ်းရွှေပြား ၁၀၀ ဘာလို့ မပေးထားရမှာလဲ။ အဲ့ဒါက တစ်နေ့ တစ်နေ့ မင်း ဆုလာဒ် ရမှာ ကို စောင့်ဆိုင်း နေစရာ မလိုတော့ဘူးပေါ့။ ''

နျင်းချူ က ချက်ချင်း ပြန်မဖြေသေးပဲ ခဏတွေဝေ နေတာ ကိုတွေ့တော့ သူက တက်ကြွစွာနဲ့ ထပ်ပေါင်းပြီးတော့ ပြောလိုက်လေတယ်။

'' မင်း ဘယ်လို ထင်လဲဟင်? ''

နျင်းချု ကတော့ ရုတ်တရက် ရလာတဲ့ အံ့အားသင့်မှုကြောင့် မူးဝေ နေပြီးတော့ အခုထိ အသိပြန်မလည် လာသေးပေ။

ခရမ်းရွှေ ၁၀၀ပြား ဆိုတာ က........ ၁၀၀၀ ခရက်ဒစ် မဟုတ်လား!

အဲ့တာ က ချက်ချင်းပဲ အောင်းဝ်ဝူလေး ကို ကယ်ဆယ်နိုင်ရုံတင် မကဘူး။ တစ်ခြားပစ္စည်းတွေ လဲ အများကြီး ဝယ်လို့ရသေးတယ်။ အထောက်အပံ့ ပစ္စည်း အမျိုးမျိုး ဝယ်လို့ ရပြီ။ အဲ့နေရာမှာ စာချုပ်ဝန်ဆောင်မှု လည်းရှိနေသေးတာပဲလေ။

နျင်းချု က ဒီလောက်ကောင်းတဲ့ ကိစ္စကို ယုံကြည်ဖို့ရာ အတော်​လေး ခက်ခဲ နေပြီးတော့ သူက ချောင်းကို ဟန်လုပ်ဆိုးလိုက်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now