အပိုင်း (71)

576 101 3
                                    

(71) ငါ့နောက်ကို မလိုက်ခဲ့နဲ့ (၁)

နျင်းချု ရဲ့ မျက်လုံးတွေက နက်မှောင်နေပြီးတော့ သူ့ရဲ့ မျက်နှာ တစ်ခု လုံးကို သူ့အရှေ့က ဝူးယူး ရဲ့ အဝတ်တွေ ထဲမှာ ထည့်ပြီး နစ်မြုပ် ထားမိတာ ကြောင့် မသိလိုက် ဘာသာပဲ သူက ဝူးယူးကို တွန်းထုတ်ဖို့ လုပ်မိ လိုက်တယ်။

ဝူးယူးရဲ့ အင်္ကျီ အိတ်ကပ်ထဲ မှာလည်း နဂါးလေး တစ်ကောင် ပါနေတာ ဖြစ်ပြီးတော့ နျင်းချု ဖိတော့မယ့် ညာဘက် ရဲ့ အထက်နားမှာ ရှိတဲ့ အတွင်း အိတ်ကပ်လေး မှာပဲ ဖြစ်လေတယ်။

ဝူးယူး က နျင်းချု တစ်ယောက် အောင်းဝ်ဝူ ကို ရှာတွေ့သွားမှာ စိုးရိမ်တဲ့ အတွက်ကြောင့် နောက်ထပ် လက်တစ်ဖက်နဲ့ ဖမ်းကိုင်ကာ ကျန် တစ်ဖက်နဲ့ နျင်းချု ရဲ့ ခါးကို တင်းတင်လေး ဖက်ထား ပြီးတော့ နျင်းချု ကို မလှုပ်ရှား နိုင်အောင် လုပ်လိုက် လေတယ်။

ကျောင်းသား တွေက အမျိုးသား နှစ်ယောက် ရဲ့ ပွေ့ဖက်ကာ ထူးဆန်းတဲ့ အနေအထား ကြီးကို တွေ့လိုက် ရတဲ့ အချိန်မှာတော့ ပါးစပ်တွေ အကုန်ပိတ်ပြီးတော့ သိပ်မဝေးတဲ့ နေရာမှာ ရပ်လိုက် လေတယ်။

သူတို့က အချင်းချင်း ကြည့်လိုက် ပြီးတဲ့နောက် ဘာစကား တစ်ခွန်းမှ မပြော ပေမယ့် သူတို့တွေ ရဲ့ မျက်လုံးတွေ ကတော့ တူညီတဲ့ စိတ်လှုပ်ရှား မှုတွေနဲ့ အံ့သြ မှုတွေ နဲ့ ပြည့်နေ ခဲ့လေတယ်။

သူတို့ တွေ တစ်ခုခု ရှာတွေ့ခဲ့တယ် !

ဒီနှစ်ယောက် သားရဲ့ ဆက်ဆံရေးက အသိမိတ်ဆွေ ဆိုတဲ့ လမ်းကြောင်း တစ်ခု အပေါ်မှာ မဟုတ်ဘူး!

ဝူးယူး နဲ့ နျင်း တို့ကြားမှာ အချစ်ရေး ကိစ္စ တစ်ချို့ ရှိတယ် ဆိုတာ ကို အကယ်ဒမီ ထဲက ကျောင်းသား တိုင်း ကြားသိကြ ပေမယ့် အဲ့တာ က ကောလဟာလ သာဖြစ်ပြီးတော့ ဟာသ တစ်ခု အနေနဲ့သာ မှတ်ယူ ခဲ့ကြတာပဲ ဖြစ်လေတယ်။ သူတို့က အဲ့တာကို အလေးအနက် မှတ်ယူထား တာမျိုး မဟုတ်ပါပေ။

သူတို့ အကယ်ဒမီ က ကျောင်းသား တွေရဲ့ ခွေးပေါက်​လေး အချစ်မျိုးကို တင်းကြပ်စွာ တားမြစ်ပိတ်ပင် ထားတာမျိုး တွေ မရှိပါပေ။ ကျောင်းသား စုံတွဲ တွေကြား က အချစ် က ကျောင်းရမှတ် တွေနဲ့ သင်ကြား ရေးကို အနှောင့်အယှက် မဖြစ် သမျှတော့ ဆရာတွေ ကလည်း အဲ့အကြောင်း ကို ဂရုစိုက်မှာ မဟုတ် ပါပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now