အပိုင်း (37)

1.4K 288 9
                                    


(37) အရှုံးကို ဝန်ခံခြင်း ၂

နဂါးတွေက ရိုင်းစိုင်းပြီးတော့ ထိန်းကျောင်းရတာ မလွယ်ကူပေ။ တစ်ခြားစာချုပ်သားရဲတွေနဲ့ မတူပေ။ ပြီးတော့ နျင်းချုဟာ သူ့နဂါးတွေက စာချုပ်ချုပ်ဖို့ မသင့်တော် ဘူးလို့ ထင်နေခဲ့တယ်လေ။

နျင်းချု က တိမ်တိုက် ပျံသန်း နဂါး ကို လွတ်ပေး တာ ဒါမှမဟုတ် နဂါးကျွန်းကို ခေါ်သွားဖို့ နည်းလမ်း တစ်ခု ရှာတာ မျိုးပဲ လုပ်ပေးချင်ခဲ့တယ်။

အခုချိန်မှာတော့ သူတက်နိုင်တဲ့ အရာက အကန့်အသက် ရှိနေပေမယ့် သူက တွေ့ပြီးမှတော့ ထိုင်ပြီး ကြည့်မနေနိုင်တော့ပေ။

'' သေချာတာပေါ့ ''

တိမ်တိုက်ပျံသန်း နဂါး က နျင်းချု ပစ်ပေးတဲ့ ဒုတိယ အသားကို စားနေတာ တွေ့တော့ ဒွန်နယ် က အမြန်ပဲ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ပြီးတော့ သူက ကူကယ်ရာ မဲ့စွာနဲ့ပဲ မေးလိုက်တယ်။

'' မင်းမှာ နဂါးတွေကို ထိန်းကျောင်း နိုင်တဲ့ အထူးစွမ်းရည် ရှိနေတာလား? ''

ထိုတိမ်တိုက်ပျံသန်း နဂါးက လွန်ခဲ့တဲ့ နှစ်ရက် ကတည်း က သောင်းကျန်း နေတာ ပဲ ဖြစ်လေတယ်။ အဲ့ရက်တွေမှာ ကျောင်းသားတွေ အများကြီး က သူတို့ရဲ့ စာချုပ် သားရဲအဖြစ် လုပ်ဖို့ လာကြပေမယ့် တိမ်တိုက်ပျံသန်း နဂါး က ဒေါသတွေ ထွက်ပြီး အနားတောင် အကပ်မခံပါပေ။

ဘဝ သေခြင်းတရားကို ခြိမ်းခြောက်ခံ ရတဲ့ အချိန်မှာ မှော်သားရဲ တိုင်း က စာချုပ်ချုပ်ရတာ ပိုပြီးတော့ လွယ်ကူပေမယ့် တိမ်တိုက် ပျံသန်း နဂါး ကတော့ လုံးဝ ကို ဆန့်ကျင်ဘက် ပါပေ။

ဒွန်နယ် က ထိုကောင်ကို အချိန်အတော်ကြာ ဆွဲထားပြီးတော့ အစာကျွေးတာ ဒါမှမဟုတ် လွှမ်းမိုးတာမျိုး လုပ်ရင် အဲ့တာက လူသားတွေရဲ့ စာချုပ်သားရဲ ဖြစ်လာလိမ့်မယ်လို့ ထင်နေခဲ့မိတယ်။ ဒါပေမယ့် အဲ့တာက လူသားတွေရဲ့ စာချုပ်သားရဲ ဖြစ်လာမယ့် အစား  သေဖို့ရာပဲ ပိုပြီး ဆန္ဒ ရှိလေတယ်။

နဂါးထိန်းကျောင်း စွမ်းရည်လား?

နျင်းချု က ခေါင်းကိုခါလိုက်တယ်။ အဲ့တာက နောက်ဆုံး တစ်ကြိမ်တုံး က အောင်းဝ်စန်းလေး ရဲ့ အမိန့်ကြောင့် နာခံတာနဲ့ ပိုတူ လေတယ်။ ဒါပေမယ့် နျင်းချုက .... စေ့စပ်စွာ တွေးတက်သူပဲ ဖြစ်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now