အပိုင်း (33)

1.3K 268 0
                                    

(33) စာချုပ် ၂ 

နျင်းချု က အဲ့တာကို ဖွင့်လိုက်တဲ့ အခါ အခြေအနေ ၃ ရပ်က်ို တွေ့လိုက်ရတယ်။ 


[ တိုက်ပွဲ စက်တင် (battle setting) ]


[ နေ့စဥ်စက်တင် (Daily setting) ]


[နဂါးဘာသာ ပြန်ခြင်း: မဖြစ်နိုင်]


နျင်းချု က နဂါးဘာသာ ပြန်ခြင်းရဲ့ မဖြစ်နိုင် ခလုတ် ကနေ ​' ဖြစ်နိုင် ' ကို ပြောင်းလိုက်တယ်။ 


သူက သူ့ဒူးပေါ်မှာ ထိုင်နေတဲ့ အောင်းဝ်စန်း လေးကို ကြည့်လိုက်တယ်။ 


''စန်းစန်း? ''


အောင်းဝ်စန်း က သူ့ရဲ့ အမြီးကို အပေါ်အသားလေး မြှောက်ကာ ' အာ...ဝူး ' လို့ ပြောခဲ့လေတယ်။ 


ထိုအသံက နျင်းချုရဲ့ နားထဲမှာ အရင်က နဲ့စာရင် ဘာမှ မကွဲပြားသွားပေမယ့် နျင်းချုက ဘာကိုပြောချင်တာလဲ ဆိုတာကို နားလည်လာတယ်။ အဲ့တာက ' ဘာမှားလို့လဲ?'' လို့ မေးတာနဲ့ တူလေတယ်။ 


နျင်းချု က အရမ်းကို စိတ်လှုပ်ရှား သွားပြီးတော့ အောင်းဝ်စန်းကို ကောက်ပွေ့လိုက်တယ်။ 


'' တစ်ခြား သားပေါက်လေးတွေရော?အောင်းဝ်ပေါင်ပေါင်းရော! ..... ''


ဒီနေရာမှာ မှော်နဂါး ၅ ကောင် အကြောင်းသာ ရှိပြီးတော့ နျင်းချုက ဘယ်နေရာမှာမှ အောင်းဝ်ပေါင်ပေါင်း ရဲ့ အကြောင်းကို ရှာမတွေ့ခဲ့ပေ။ သူက အဲ့တာကို စိတ်ထဲမှာပဲ ထားခဲ့ရလေတယ်။ 


အောင်းဝ်စန်းက သူ့ရဲ့ ခေါင်လေးကို စောင်းကာ ခပ်တိုးတိုး ပြောလိုက်တယ်။ 


'' အာဝူး '' 


နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now