အပိုင်း (67)

523 102 0
                                    

( 67) နဂါး အသိုက် ၃

အောင်းဝ်ပေါင်ပေါင်း ရဲ့ စွမ်းရည်နဲ့ မျိုးစိတ် က အခုချိန်ထိကို သော့ခတ် ထားဆဲ ဖြစ်လေတယ်။ ပြီးတော့ စာချုပ် ဝန်ဆောင် မှုမှာလည်း အဲ့အတွက် မပါခဲ့ပေ။

နဂါးနက်လေး က နျင်းချု ရဲ့ လက်ကလေး ကို သူ့ရဲ့ နဂါးခြေဖဝါး လေးနဲ့ အပေါ်ကနေ  ဖိလိုက်ကာ စိတ်လှုပ်ရှား ပူပန်စွာ စိုက်ကြည့် လာခဲ့လေတယ်။

နျင်းချု ကတော့ သူဟာ ဘာလို့များ အောင်းဝ်ပေါင်ပေါင်း နဲ့ အတူတူ စာချုပ် ချုပ်လို့ မရတာ လဲ ဆိုတာကို အခုချိန်ထိ သံသယ များ အတွေးပွား နေဆဲပါ။ ပြီးတော့ သူ့ရဲ့ ကျန်တဲ့ လက်တစ်ဖက်နဲ့ အောင်းဝ်ပေါင်ပေါင်း လေးရဲ့ ကျော တစ်လျောက်ကို အသာလေး ပွတ်ပေး နေခဲ့တယ်။

'' တစ်ကယ်လို့ ငါသာ မင်းနဲ့ စာချုပ် ချုပ်လို့ မရရင်လည်း ထားလိုက် ပါတော့လေ............။ ငါက မင်းရဲ့ အရွယ်ရောက်တဲ့ ပုံစံ ကို အခုချိန်ထိ တစ်ခါမှ မတွေ့ဘူး ဘူးရယ်။ မင်းက အရမ်းကို သန်မာ အကောင်းပြီးတော့ သိပ်ကို လှပမယ် ဆိုတာ အသေအချာပဲ ''

အောင်းဝ်စန်းရဲ့ တကယ့် အစစ်အမှန် က နဂါးကြီး တစ်ကောင် ဖြစ်နေပါပြီ။ ပြီးတော့ အောင်းဝ်ပေါင်ပေါင်း က ဒဏ္ဏာရီ အဆင့်နဂါး မျိုး ဖြစ်တာ ကြောင့် ပိုလို့တောင် ရှားပါး မှာပါ ။ ရှားပါး နဂါးတွေ ထက်စာရင် ပိုပြီးတော့ သန်မာ မယ်ဆိုတာ ပြောနေစ ရာတောင် မလိုပါပေ။

သူက နဂါးသုံးကောင် ကို ကျောင်းထဲမှာ ခေါ်ပြီး ဖွက်ထား ရတာ ဖြစ်လို့ သူက သူတို့အပေါ်မှာ မှားယွင်း ဆက်ဆံ မိသလို ခံစား နေ ရလေတယ်။

အချိန် ကျလာရင်တော့ သူက နဂါးကျွန်း ကို ပြန်သွား ပြီးတော့ အကုန်လုံးကို သွားတွေ့ ရမယ်......... ။

နျင်းချု က အဲ့ အကြောင်း ကို ရုတ်တရက် ကြီး ပြောလိုက်တာ ကြောင့် နဂါးနက်လေး က စိတ်ရှုပ်ထွေး နေခဲ့သေးတယ်။ ပြီးတော့ နျင်းချု ကများ သူ့ရဲ့ ကိုယ်ရေး အချက် အလက် တွေကို ရှာတွေ့ သွားပြီလား ဆိုတာကို စိုးရိမ် နေမိတယ်လေ။

အဲ့တာကြောင့် နျင်းချု က မနေ့ည က သူ့ကို မပွေ့ဖက်တာ များလား?

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now