အပိုင်း (62)

765 142 3
                                    

(62) နက်ရှိုင်းသော မဟူရာချောက်နက် နဂါး ၁

ဝူးယူး က မျက်နှာ ဖုံးကို သူ့လက်ထဲ မှာ ကိုင်ထား ပြီးတော့ သူ့ပါးစပ်က အသံ မထွက်ပဲ လှုပ်သွား လေတယ်။ အခုချိန်မှာတော့ နျင်းချု က သူ့ကို တစ်ကယ်ကြီး စိတ်တို နေပြီ ဆိုတာ ကို သူ အတည် ပြုနိုင် သွားပြီ ပဲ ဖြစ်လေတယ်။

နျင်းချု က သူ့ရဲ့ မျက်နှာ ဖုံးကို ပြန်ဆွဲယူလိုက် ပြီးတော့ သူ့ရဲ့လေသံ က အေးစက် နေခဲ့တယ်။

'' မင်း က ငါ့နောက် ကို ဘာ အတွက်ကြောင့် လိုက်နေ ရတာလဲ?''

ဒီနေ့မှာ သူက လုံးဝ ကို သီးခြား ကွဲ ထွက်နေတဲ့ ဘယ်သူမှ မရှိတဲ့ လမ်းကြောင်း ကနေ သွားခဲ့တာ ဖြစ်လေတယ်။ ဒါကြောင့် ဝူးယူး က သူ့နဲ့ အခွင့်အရေး ကြုံပြီး တိုက်ဆိုင်လို့ တွေ့တယ် ဆိုတာ ​ကို နျင်းချု လုံးဝ မယုံကြည် ပါပေ။

ဝူးယူး က ကျောင်းဂိတ်ပေါက် ကတည်း က သူ့နောက်ကို ချောင်းပြီး လိုက်ခဲ့တာ ပဲ ဖြစ်ရမယ်။ ပြီးတော့ သူက နဂါးတွေ ကိုတောင် အစာကျွေး လိုက် သေးတာလေ.........။

ဝူးယူး က သူ့နား ဆီကို သိပ်ပြီးတော့ မတိုးကပ် ရဲမှာ ဖြစ်တဲ့ အတွက်ကြောင့် သူ ဘယ်လောက်ထိ မြင်သွားလဲ ဆိုတာ ကို နျင်းချု မသိတော့ပေ။

ဒီအချိန်မှာတော့ ဝူးယူး က တိတ်ဆိတ် မနေတော့ပဲ ရိုးသားစွာ ပြောလာလေတယ်။

'' ငါ က မင်းကို စိုးရိမ်လို့ပါ။ ''

သူ့ဘေးနား က လေထု ကြီးက နိမ့်ကျ နေကာ သူ့မျက်ခွံ တွေကိုလည်း ငိုက်ချ ထားဟန်က အရင်က စိတ်ကြီးဝင်နေတဲ့ အမူအရာ ထက် ပိုပြီးတော့ စိတ်ဝင်စား ဖို့ ကောင်းနေလေတယ်။

နျင်းချု က တစ်ခဏ အေးခဲ သွားပြီးတော့ သူ့ရဲ့ မျက်နှာ က အနည်းငယ် ပြေလျော့ သွားလေတယ်။

'' ငါ မင်း ကို ပြောခဲ့တယ်လေ။ ဒီနေ့ ငါ့မှာ လုပ်စရာတွေ ရှိတယ်လို့ ''

ဝူးယူးက သူ့ကို ကြည့်လိုက်တယ်။

''ပြီးသွားပြီလား ?''

သူက နျင်းချု ရှေ့ကို ထွက်မလာ ခင် နျင်းချု က တိမ်တိုက် ပျံသန်း နဂါးကို လွတ်ပြီး ပြီ ပဲ ဖြစ်တယ်။ နျင်းချု က ဘာလုပ် ချင်နေတာ လဲ ဆိုတာ ​ကို ဝူးယူး က အတိ အကျအသေ အချာ မသိပေမယ့် သူက နျင်းချု နောက်ကို တကောက်ကောက် လိုက်ချင် နေတာ ပဲ ဖြစ်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now