အပိုင်း (8)

1.8K 322 1
                                    

(8) ငွေဖြည့်သွင်းခြင်း (၃)

သူတို့တွေက ယုန် အသိုက် တွေကို သွားသွားပြီး ဒုက္ခ ပေးတက်လွန်းလွန်း နျင်းချူ က ညနေ ခြောက်နာရီ ရောက်တာနဲ့ ချွန်ထက် ခြေသည်း နဂါး တွေကို ဖမ်းကာ လှောင်အိမ်ထဲ ကို ထည့်ထား လေ့ ရှိတယ်။

အဲ့ကောင် တွေက တစ်ခြား နဂါးတွေလောက်ထိ မကြီးသေးသော်လည်း အဲ့တာတွေက လျင်မြန်ပြီးတော့ ဖြတ်လက်တယ်။ ပြီးတော့ တိုက်ခိုက်နိုင်တဲ့ စွမ်းအား ကလည်း မသေးပေ။

အဲ့ ချွန်ထက် နေတဲ့ ခြေသည်း တွေက အဆိပ်တွေနဲ့ ပြည့်နေပြီးတော့ အရည်ပြားကို အဖြတ်ခံ လိုက်ရတာ နဲ့ အဲ့နေရာ က မီးရှို့ခံရသလို ပူလောင် လာမှာ ဖြစ်ပြီးတော့ ဒဏ်ရာတွေ ကလည်း ပိုပြီးတော့ လောင်ကျွမ်း မြန်လာမှာ ပဲ ဖြစ်တယ်။

ဘယ်လေ အတွက် ကတော့ ထိုချွန်ထက် ခြေသည်း နဂါးကို ဖမ်းဆီးဖို့ဆိုတာ က လုံးဝ မသင့်တော်ပေ။

အဲ့တာက ထိန်းချုပ်ရတာ မလွယ်မှာ စိုးတဲ့ အတွက်ကြောင့် ဘယ်သူကမှလဲ စာချုပ်သားရဲ အဖြစ် မလိုချင်ကြမှာ အမှန်ပဲ။ ထို ချွန်ထက်တဲ့ လက်သည်း တစ်စုံ က ငွေတွေ အများကြီး တန်ပေမယ့် တစ်ခြား နဂါးတွေထက် တော့ စျေးက အတော်လေး နိမ့်တယ်လေ။

သူ အနည်းငယ်လောက် အရှေ့ကို တိုးသွားစဥ် အတွင်းမှာ ချွန်ထက် ခြေသည်း နဂါး က နားပါးတာ ကြောင့် ကြားသွားပြီးတော့ သူတို့ အဖွဲ့ ရှိတဲ့ ချုံပုတ် နေရာဆီကို ခေါင်းလှည့်ကြည့်လာ ခဲ့တယ်။

အဲ့တာ က သူတို့ကို သတိထား မိသွားပြီ!

ဘယ်လေ က သူ့ရဲ့ လေးလံ တဲ့ ဓားကို တင်းတင်း ဆုပ်ကိုင် ပြီးတော့ အံကြိတ်ကာ ပြောလိုက်တယ်။

'' သတိထားကြ! ''

ထို နဂါး က တိုက်ခိုက်ဖို့ ဆိုတော့ စိတ်အား အင်မတန် ထက်သန် သွားပြီးတော့ ကိုယ်ကိုဘေး ဘက်ဆီကို လှည့်လာခဲ့တယ်။ ပြီးတော် နဂါးအော်သံ အတိုတစ်ချက်ကို ထုတ်လွတ်ကာ တောင်ပံတွေ ကို ဖြန့်ကာ အပြေးတစ်ပိုင်း အပျံတစ်ပိုင်း နဲ့ သူတို့ဆီကို လာခဲ့လေတယ်။

အဖွဲ့ က ချက်ချင်းပဲ တိုက်တဲ့ ပုံပြောင်း သွားလေတယ်။ ဘယ်လေက သူ့ဓားကို ဆွဲထုတ်ကာ တစ်ခြားဓား သမားတွေက အရှေ့မှာ ကာလိုက်ပြီးတော့ လက်နက်တွေ ထုတ်လိုက် ကြတယ်။ မှော်တုတ်တံတွေ ရှိတဲ့ သူတွေ က အနောက်တန်းမှာ နေကာ မှော်မျိူးစုံနဲ့ တိုက်ခိုက်နေ ကြစဥ် နျင်းချု ကတော့ သူတို့ အနောက်မှာ ပုန်းနေခဲ့လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now