အပိုင်း (25)

1.6K 305 6
                                    

(25)နဂါးတွယ်တက်ဖရိန်များ (2)

နျင်းချူ က သူ အတန်း သွားတက်တဲ့ လမ်းမှာ (( နဂါးကျွန်း)) ကို ဖွင့်ပြီးတော့ အဲ့ထဲက ဒေတာ ကဒ်ကို နှိပ်ကာ စစ်ဆေး လိုက်လေတယ်။

[ အောင်းဝ်စစ် ( လျပ်စီးမိုးကြိုးနဂါး)

အခြေအနေ:  ကောင်း

ရောက်ရှိတဲ့အရပ်: နဂါးကျွန်းဧရိယာ၂]

နျင်းချူ က အံသြ တကြီးနဲ့ ပျော်ရွှင် သွားပြီးတော့ တစ်ခဏလောက်ကြာတော့ ' ရောက်ရှိရာ အရပ် ' ကနေ 'မမြင်နိုင် ' လို့ ပြောင်းသွားတာ ကိုတွေ့လိုက်ရတယ်။

သူပဲ မျက်လုံး မှောက်တာ လား?

ဒါမှမဟုတ် အောင်းဝ်စစ် ကပဲ နဂါးကျွန်း ကနေ ထွက်ခွာ သွားတာလား။

နျင်းချူ က မနေ့က နဂါးတက်ဖရိန် ထားထားတဲ့ နေရာဆီကို သွားလိုက်လေတယ်။ ပြီးတော့ နဂါးအသေးလေးတွေ အများကြီးက အဲ့တာကို တွေ့သွားပြီးတော့ စပြီးတော့ ကစားနေကြ ပြီပဲ ဖြစ်လေတယ်။ ပြီးတော့ သူတို့က ကြည့်ရတာ အရမ်းကြိုက်တဲ့ ပုံပေါ်လေတယ်။

သူက ပတ်ကြည့်လိုက်တဲ့ အခါ နဂါးလေး ကောင်လုံးက ကျွန်းပေါ်မှာ မရှိဘူး ဆိုတာ ကို တကယ်ကြီး သိလိုက်ရလေတယ်။

တကယ်လို့ သူတို့လွဲ သွားတယ် ဆိုရင် သူတို့က သေချာပေါက် ပြန်လာမှာ ပဲ ဖြစ်လေတယ်။

နျင်းချူ က အဲ့အကြောင်း တွေးလိုက်ပြီးတော့ သီအိုရီအတန်း က အချိန်တွေ မှာ အခွင့်ကောင်း ယူပြီးတော့ သူက တောင်အနောက်ကို သွားကာ မြက်တစ်ချို့နဲ့ သစ်သား တစ်ချို့ သွားယူလိုက်တယ်။ ပြီးတော့ လမ်းရဲ့ ဘေးမှာ ' နျင်း ' ဆိုတဲ့ စကားကို ပုံဖော်ခဲ့လေတယ်။

အနည်းဆုံးတော့ ကလေး လေးကောင် က သူပြန်လာပြီ ဆိုတာ ကို သိရမှာ ဖြစ်ပေမယ့် သူကတော့ သူတို့ကို ပြသလို့ ရမှာ မဟုတ်ပေ။

ညနေခင်းမှာတော့ သူ က တာဝန်ရုံးကို အချိန်မှီ ရောက်လာခဲ့လေတယ်။ တာဝန်ခံ က သူ့ကို ရုံးထဲကို ခေါ်သွားပြီးတော့ အရင်က ဟာနဲ့ ပုံစံ ခြင်း ကွဲ ပြားတဲ့ တာဝန်ကဒ် တစ်ခုကို ပေးလာခဲ့လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now