အပိုင်း (52)

1.3K 266 8
                                    

(52) ဖေဖေ့ကို ရှာမယ် ၄

ကလော့ခ် က အံဆွဲကို ဖွင့်လိုက်ပြီးတော့ အထဲက ရင်ထိုးကဒ်အဝိုင်းလေး တစ်ခုကို ထုတ်ယူကာ ထိုပေါ်မှာ လန့်အကယ်ဒမီရဲ့ တံဆိပ်ကို ရိုက်နှိပ်ထားလေတယ်။

ထိုဟာကို ဝတ်ထားတဲ့ လူတစ်ယောက် ဟာ သားရဲရှင်းလင်းပွဲကို ပါဝင်မယ့် သူ ဖြစ်တဲ့ အတွက်ကြောင့် အကယ်ဒမီ ထကို လွယ်ကူလွတ်လပ်စွာ ဝင်ထွက် သွားလာ နိုင်လေတယ်။

ကလော့ခ် က နျင်းချုအား ရင်ထိုးကို ပမ်းပေး လိုက်ပြီးတော့ ပြောလိုက်တယ်။

'' မင်းက အတန်းတွေကို မတက်လည်းရပြီး ရမှတ်တွေ ကိုလည်း ပုံမှန်အတိုင်း မှတ်ယူ သွားပေးမယ် ''

နျင်းချု က တံဆိပ်ဝိုင်းလေးကို ယူလိုက်တယ်။

'' ကျေးဇူး တင်ပါတယ် ''

ကလော့ခ် က အခုက စပြီးတော့ နျင်းချု ရဲ့ ကိုယ်ရေးစွမ်းအင် ကို လျှို့ဝှက်ပေး ထားဖို့ သဘောတူ လိုက်တယ်။

နျင်းချု မထွက်သွားခင် ကလော့ခ် က သူ့ကို သတိပေးလိုက်လေတယ်။

'' မင်းရဲ့ လုံခြုံရေးက အရေးအကြီးဆုံးပဲ။ သူရဲကောင်း တစ်ယောက် မလုပ်ခဲ့နဲ့ ''

နျင်းချု က သူမကို ကျေးဇူးတင်ကာ ရုံးခန်းထဲ ကနေ ထွက်လာတော့တယ်။ ကိစ္စတစ်ခု ပြီးသွားတော့ နျင်းချု က အောင်းဝ်ဝူလေး ကို နေခဲ့အောင် ဘယ်လိုချော့မော့ ရမလဲ ဆိုတာကို စိတ်ပူရပြန်တယ်။

အပြင်မှာ က အန္တရာယ် များတာကြောင့် သူက သူမလေးကို အိပ်ဆောင်မှာ ထားခဲ့ပြီးတော့ အောင်းဝ်ပေါင်ပေါင်း က သူမကို စောင့်ရှောက်ပေး စေလိုခဲ့တယ်။ ပြီးတော့ အောင်းဝ်စန်း ကိုပဲ သူနဲ့ အတူ ခေါ်သွားလို ခဲ့တယ်။

အောင်းဝ်ပေါင်ပေါင်းကို ဘာလို့ အိပ်ဆောင်မှာ ချန်ထား ခဲ့ချင်ရတာလဲ ဆိုတော့ အပြင်မှာ သူ့ကို ရှာတွေ့ သွားခံ ရမှာ ကြောက်လို့ပဲ ဖြစ်လေတယ်။ သူက ပဟေဠိ တောအုပ်ထဲမှာ ကျင်လည်ခဲ့တဲ့ အောင်းဝ်စန်း လို မဟုတ်ဘူး လေ။

အောင်းဝ်စန်း က မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်လာတဲ့ အခါမှာ သူ့ရဲ့ အရွယ်ရောက် ပုံကို ဖော်ပြလိုက်လဲ  ဘာပြဿနာ မှ သိမ်မရှိပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now