အပိုင်း (24)

1.5K 306 2
                                    

(24) နဂါးတွယ်တက်ဖရိန်များ (1)

စာချုပ် ချုပ်နိုင်တဲ့ ဝန်ဆောင်မှု....... ဒီလိုနည်းနဲ့သာ ဆိုရင် သူ့မှာ စာချုပ်သား ရဲ တစ်ကောင်တော့ ရှိလာနိုင်တော့ မှာ မဟုတ်လား?

နျင်းချူ က ချက်ချင်းကိုပဲ တက်ကြွ သွားတယ်။ သူက ချက်ချင်းပဲ အဲ့တာကို နှိပ်ကာ ကြည့်လိုက်တယ်။ ပြီးတော့ စနစ်က ' ဆက်သွယ်နိုင်သော အရာဝတ္ထုများ ' ဆိုပြီးတော့ စာရင်းတစ်ခု ပေါ်လာခဲ့တယ်။

ရှားပါးနဂါး ၅ ကောင် ကလည်း စာရင်းထဲမှာ ပါပြီးတော့ သူတို့ရဲ့ အခြေအနေ က စာချုပ်ချုပ်လို့ ရနေပြီလို့ ဖော်ပြနေခဲ့လေတယ်။ ဒါပေမယ့် သားပေါက်တွေ ကတော့ ဒီနေရာမှာ ပါမနေခဲ့ပေ။ ပြီးတော့ သာမန်နဂါးတွေ ရောပဲ မရှိခဲ့ပေ။

နဂါးတစ်ကောင်နဲ့ အောင်မြင်စွာစာချူပ် ချူပ်ဆို နိုင်ဖို့ရာ ရွှေပြား ၁၀၀ တိတိ ကျသင့်လေတယ်။

.......... အရမ်းကို ​စျေးကြီးလွန်းတယ် ။

အခုချိန်မှာတော့ နျင်းချု က စာချုပ်ချုပ်ဆိုမှု ဆိုတာကို မတက်နိုင်သေးပါပေ။ ဒါကြောင့်သူက နောက်တစ်ခု ဖြစ်တဲ့ နဂါးကျွန်း အသစ်တစ်ခု တည်ဆောက်ခြင်း ဆိုတာ ကို နှိပ်ကြည့်လိုက်လေတယ်။

[ တစ်ခြား မဖွံ့ဖြိုးသေးတဲ့ နဂါးကျွန်း တစ်ခုကို ထပ်ပြီးတော့ ပေါင်းထည့်လိုပါသလား။ ခရက်ဒစ်အမှတ် ၁၀၀၀၀၀၀ လိုအပ်ပါတယ်]

[ လုပ်မလား]

အနောက်က သုည တွေက အတော်လေး ကို များတဲ့ အတွက်ကြောင့် နျင်းချု ခမျာ အသက်ပြင်းတစ်ချက် ရှုသွင်းလိုက်ပြီးတော့ သူ့ရဲ့ မျက်လုံးတွေကို မှိတ်လိုက်လေတယ်။

အခုငွေကြေး  တွေက အဖိုးမတန်တော့ဘူးပဲ။ သူလည်း ရှော့ပင်းမောလ်ကို လည်း သော့ဖွင့်ပြီးတာနဲ့ သူ့ရဲ့ ငွေ​ကြေး က သုည တွေ အရှေ့မှာ အများကြီး တန်းဆီ နေတဲ့ အတွက်ကြောင့် သူ့မှာ ယုန်စုံတွဲ တစ်တွဲ ဝယ်ဖို့တောင် မတက်နိုင်တော့ ပါပေ။

နျင်းချူ က မောလ် တစ်ခုလုံးကို သာမန်ကာလျှံကာ လျောက်ပတ်ကြည့် လိုက်ပြီးတော့ နောက်ဆုံးမှာ တော့ နဂါးလေးတွေ တက်လို့ရတဲ့ ဖရိန်ဘောင် တစ်ခုကို တွေ့သွားလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now