အပိုင်း (41)

1.6K 340 10
                                    

(41) အနက်ရောင် နဂါးလေး ၃

ဝူးယူး က အများကြီး မပြောခဲ့ပေ။ သူက အချိန်မရသေးလို့ ဒီကိစ္စကို တစ်ခဏ ထားခဲ့လိုက်တယ်။ ပြီးတော့ ပဟေဠိ တောအုပ်က ကိစ္စအကြောင်း မေးလာခဲ့တယ်။

ထိုအခါမှာတော့ အောင်းဝ်စန်းရဲ့ မျက်လုံးတွေက အေးစက်သွားလေတယ်။

သူက အဲ့နေ့တုံး က ပဟေဠိ တောအုပ်မှာ ဖြစ်ခဲ့တာတွေ အကုန်လုံးကို မူလ အတိုင်း ပြောခဲ့ပြီးတော့ ထပ်ပေါင်းပြောလိုက်တယ်။

[ ရှောင်ဝူလေး သေတာ က သူတို့နဲ့ သေချာပေါက် ပတ်သတ်မှု ရှိရမယ်လို့ ငါသံသယ ဝင်မိတယ်။]

ရှောင်ဝူလေး ရဲ့ မတော်တဆ မှု ဖြစ်ပြီး ကတည်းက ဟူးမန်း တွေဟာ မှော်နဂါးတွေရဲ့ နောက်ကို ခြေရာခံ နေကြတာပဲ ဖြစ်လေတယ်။ သူတို့က တစ်ခြား နဂါးအုပ်စုတွေကို စိတ်မဝင်စားပဲ မှော်နဂါးတွေ ကိုသာ တည်ကြက် ထားခဲ့တယ်။ သူတို့ကိုပဲ သွေးဆောင်လိုတဲ့ အကြောင်းပြချက်တွေ က အများကြီး ရှိလေတယ်။

ဝူးယူး က သူ့ရဲ့ ခေါင်းကို ငုံ့ကာ လက်ထဲက သစ်ကိုင်းကို နှစ်ကြိမ်ဝှေ့ယမ်း လိုက်တယ်။

'' ကောင်းပြီ။ ငါသိပြီ''

အခု နားခိုရာ တောအုပ်က ​ဖျက်ဆီး ခံလိုက်ရတဲ့ အချိန်မှာတော့ နဂါးတွေက သေချာပေါက် ဘေးနားက ပတ်ဝန်းကျင်တွေဆီကို အသိုက်တွေ ပြောင်းရွေ့ ကြတော့မှာ ပဲ ဖြစ်လေတယ်။

အရှုပ်အထွေး ဖြစ်လာတဲ့ အချိန်မှာ သူက ကြားဝင်ပြီးတော့ ဖျန်ဖြေ ပေးမှာ မဟုတ်ဘူး ။ ဒါတွေက ဟူးမန်းတွေ တောင်းဆို ကြတဲ့ အရာပဲလေ။

သူက မျက်လုံး ကို ပင့်ကာ ရုတ်တရက် မေးလိုက်လေတယ်။

'' ဆိုတော့ မင်း က သူနဲ့ အတူ ကျောင်းမှာပဲ တစ်ချိန်လုံး ရှိနေတာပေါ့လေ? ''

ဝူးယူး ရဲ့ ' သူ ' ဆိုတာ က နျင်းချု ကို ရည်ညွှန်းတာ ဖြစ်လို့ အောင်းဝ်စန်း က ခေါင်းကို ငြိမ့်လိုက်တယ်။

[ မစိုးရိမ်ပါနဲ့ ။ ငါ့ကို ရှာတွေ့ ကြမှာ မဟုတ်ပါဘူး......... မင်းမထွက်သွား သေးခင် ရက်တုံး က ငါ မင်းကို ပြောခဲ့သားပဲ။ မင်းမှ မယုံတာလေ]

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now