အပိုင်း (12)

1.8K 316 0
                                    

(12) စုဝေးစျေးတန်း ( ၂)

အောင်းဝ်စန်း က တစ်ခြား နဂါးပေါက်လေး တွေ ရှေ့မှာ ဆိုအရမ်းကို အံ့သြ စရာ ပုံ  ဖြစ်ပေမယ့် ဒေတာကဒ် ကို အမြဲတမ်း ဖွင့်ကြည့်နေတဲ့နျင်းချု သာလျှင် သိလေတယ်။

အောင်းဝ်စန်း ရဲ့ တစ်ကယ့် စိတ်အခြေနေ က အရမ်းကို ပြောင်းလဲ လွယ်ပြီးတော့ ဆက်ဆက်ထိ မခံ တက်တဲ့ စရိုက် ရှိတဲ့သူပဲ ဖြစ်လေတယ်။

ကြည့်ရတာတော့ သူက ဘယ်လောက်ပဲ အရွယ်ရောက်လာပါစေ ငယ်ငယ် ကလိုပဲ ဆန်းဆန်းတင့်တဲ့ စရိုက်လေး က ရှိနေဆဲပဲ ဖြစ်ရမယ်။

နျင်းချု က အတိတ်က နဂါးပေါက်လေးတွေ ကို ပျိုးထောင် ခဲ့ ​မိတဲ့ နေရက်တွေကို ပြန်တွေး မိရင်းနဲ့ အတိတ်ကို လွှမ်းဆွတ်တဲ့ ခံစားချက် အပြင် စိတ်ဓာတ်ကျ မှု နှစ်မျိုး လုံးကို ခံစားနေခဲ့ ရလေတယ်။

နျင်းချု ကလမ်းလျောက်နေစဥ် မှာ သူ့ရဲ့ ခေါင်းကို ကိုင်ရင်း လျောက်လာပေမယ့် ဘယ်လေ ကတော့ အဲ့တာ ကြောင့် မသက်မသာ ဖြစ်တာမျိူးတွေ မရှိပဲ သူတို့ ​လမ်းလျောက် ပြန်လာတဲ့ အချိန် အတွင်းမှာ ကြေးစားအဖွဲ့တွေ ရဲ့ ပတ်သတ်တဲ့ ထူးဆန်း တဲ့ ပုံပြင်တွေ ကို ပြောပြ​နေ ခဲ့တယ်။ ဒါကြောင့် နျင်းချူ က အနောက်ကနေ တစ်ခါ တစ်ရံ ' အမ်း ' ဆိုတဲ့ သံယောင် လိုက်ပေး ရလေတယ်။

သူတို့က သစ်တောရဲ့ အစွန်အဖျား ဆီကို ရောက်သွားတဲ့ အခါ ထိုနေရာမှာ အဆင့်နိမ့် တောရိုင်း ကောင်တွေ အများကြီး တွေ့ခဲ့ရပေမယ့် ထိုအကောင်တွေ ကို ဘယ်လေ ကပဲ ကိုင်တွယ်လိုက် ပြီးတော့ သူက တတိယမြောက် ဝိဉာဥ် အားဖြည့် မြက် ကိုလည်း နျင်းချု အတွက် ကူပြီးတော့ ရှာပေး ခဲ့လေတယ်။

သူတို့နှစ်ယောက်လုံး က သွားနေတဲ့ အတောအတွင်းမှာ သားရိုင်းကောင် တွေရဲ့ အသားအပေါ်ပဲ မှီခို ခဲ့ရတယ်။ နျင်းချု က မီးမွှေးဖို့ သူ့ရဲ့ လက်ကော ဒူးပါ ထောက်ပြီးတော့ ကြိုးစားပြီး အသားကင် နေတာကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ ဘယ်လေ က သူ့ကို ပထမဆုံး အကြိမ်အဖြစ်
မျက်နှာသာမပေး ပဲ မေးလိုက်လေတယ်။

''မင်း က ဘယ်လိုလုပ် ပြီးတော့များ ပဟေဠိ  တောအုပ်ထဲကို ဒီလို တစ်ယောက်ထဲ  လာရဲရတာလဲကွာ?''

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now