အပိုင်း (14)

1.6K 291 0
                                    

(14) စုဝေးစျေးတန်း (၄)

အဲ့နေရာ စားပွဲဝိုင်းပေါ်  ဖောက်ထွင်းမြင် ရတဲ့ သေတ္တာပုံးလေး နှစ်ခု တင်ထားပြီးတော့ လူပြည့်ကျပ်နေတဲ့ ဧရိယာမှာ သေချာပေါက် လောင်းကြေး ဆိုတာ ရှိမှာပေါ့လေ။

ဝူးယူး ဆိုတဲ့ အမည်တပ်ထားတဲ့ သေတ္တာ က တစ်ဝက်လောက် ပြည့်နေချိန်မှာ တစ်ခြား တစ်ယောက် ရဲ့ သေတ္တာ ကတော့ အလွတ်ကြီး ဖြစ်နေခဲ့လေတယ်။

နျင်းချု က သေချာပေါက် ခန့်မှန်းမိပါတယ်။ ဒါက ကွင်းထဲမှာ ယှဥ်ပြိုင် နေတဲ့ လူတွေကို လောင်းကြေး ထပ်ရတာ ပဲပေါ့။ သူက သူ့ရဲ့ အိပ်ကပ်လေး ကို ထိကာ အနည်းငယ် ရှက်ရွံသွား သလို ခံစားရလေတယ်။

သူက မလှုပ်ရှားလာတာ ကို တွေ့တော့ ပေါ်ဝမ် ထပ်ပြီးတော့ တိုက်တွန်းလိုက်တယ်။

'' လာစမ်းပါကွာ။ ဝူးယူး က ရှုံးမှာ မဟုတ်ဘူးကွ ''

နျင်းချု က အေးဆေး စွာ ပြောလိုက်တယ်။

'' ငါ.... ငါ့ပိုက်ဆံတွေ ပျောက်သွားပြီ ''

တာဝန်ပြီးလို့ ရလာတဲ့ ရွှေသုံးပြား က အခုလေးတင်မှ နျင်းချူ လက်ထဲ ထည့်လာတာ အခု ပဲ ပျောက်သွယးတယ် ဆိုတော့ ပေါ်ဝမ် ခမျာ နှုတ်ခမ်းလေး တွန့်သွားလေတယ်။

'' မင်း....... ''

ဒီနေ့ည မှာ လူတွေ က အရမ်းများ​နေတဲ့ အတွက်ကြောင့် အဲ့နေရာကို သွားပြီးတော့ ပြန်ရှာလို့ မရပေ။

ပေါ်ဝမ် က အောက်ကို ငုံ့ကြည့်ကာ  သူ့အိပ်ထဲက နောက်ထပ် ရွှေပြား ၃ ခုကို ထုတ်ကာ နျင်းချူကို ပေးလိုက်လေတယ်။

'' ဒါဆို ငါ မင်းကို အရင်ဆုံး ငှားမယ်ကွာ။ တကယ်လို့ မင်း နိုင်သွားရင် ငါ့ကို ပြန်ပေး ပေါ့ကွ။ ''

လူတိုင်း အတွက် တော့ ဒီပြိုင်ပွဲမှာ တစ်ဖက် ကပဲ အနိုင်ရမှာ သေချာနေတော့ လောင်ကြေးတွေ အများကြီး ထပ်ခွင့် မပေး ထားပါပေ။ ဘာလို့လဲ ဆိုတော့ လူတိုင်းက ဝူးယူး ကိုပဲ လောင်းထားကြလို့ပဲ ဖြစ်တယ်။

ဒါပေမယ့် လောင်းကြေး အနည်းငယ်တော့ ထပ်လို့ ရတဲ့ အတွက် သူက ပိုက်ဆံ အနည်းငယ် ရဖို့ရာ ရွှေ ၃ ပြား ကို ဝူးယူး ရဲ့ သေတ္တာ ထဲကို ထည့်လိုက်တော့တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now