အပိုင်း (61)

874 157 2
                                    

(61) အစာကျွေးခြင်း ၃

ဒါပေမယ့် သူက အခုဒီနေရာမှာ အများဆုံး တက်နိုင်တာ ဆိုလို့ လုပ်နိုင်စွမ်း ရှိသမျှ ကူညီပေး ရမှာ ပဲ ဖြစ်လေတယ်။

နျင်းချု က ရုတ်တရက်ပဲ ဂိမ်းရဲ့အညွှန်း မှာ နဂါးကျွန်း အသစ် တစ်ခု ဖန်တီး လို့ ရတယ် ဆိုတာ ကို သတိ ရသွား လေတယ်။ 

ဒါပေမယ့် အဲ့တာ ရဲ့ ရူးချင် လောက်စရာ ခရက်ဒစ် ပမာဏ ကြောင့် သူက အဲ့တာ ရှိတာ ကို မေ့လုနီး ပါး ဖြစ်နေခဲ့ လေတယ်။

နျင်းချု က ဂိမ်း စျေးဆိုင် ကို ဖွင့်လိုက် ပြီးတော့ အနောက် က သုည တွေကို စတင်ပြီးတော့ ရေတွက် လိုက်လေတယ်။

၁,၀၀၀,၀၀၀...... ။

အဲ့တာ က ရွှေပြား ၁ သန်း ဒါမှမဟုတ် ခရမ်းရွှေပြား တစ်သိန်း ကုန် ကျ မှာပဲ ဖြစ်လေတယ်။

သူက ဒီလောက် ငွေတွေ အများကြီး ဘယ်လိုလုပ် ရှာနိုင်မှာ တဲ့လဲ?

ဒါပေမယ့် နဂါးကျွန်း အသစ် ဆိုတဲ့ အဓိပ္ပာယ် က နေထိုင်ရာ အသစ် ဆိုတာ ပါပဲ။

အခု နဂါးကျွန်း က အပြီးပြည့်စုံဆုံး တိုးတက် ဖွင့်ဖြိုး ခဲ့ပြီး ဖြစ်ပြီးတော့ အဲ့ပေါ်မှာ နဂါးတွေ ထောင်ပေါင်း များစွာ ရှိနေပြီး ဖြစ်လေတယ်။

နျင်းချု က အဲ့တာ ကို တိတ်တဆိတ် မှတ်သား လိုက်ပြီးတော့ သူက တိမ်တိုက် ပျံသန်း နဂါးရဲ့ ထွက်စ အမွှေးတွေကို အသာလေး ထိကိုင် လိုက်တယ်။

သူက သက်ပြင်း ထပ်ချ  လိုက်ပြီးတော့ မတ်တတ် ထရပ်လိုက်တယ်။

အောင်းဝ်စန်း က နျင်းချု ရဲ့ ပုခုံးပေါ်ကို ပျံသန်း လာပြီးတော့ တိမ်တိုက် ပျံသန်း နဂါး ဆီကို ' အာဝူ ' လို့ အမိန့်ပေး လိုက်ပြီးတဲ့နောက် ထိုနဂါးဟာ အဝေးကို အတောင်ပံ ဖြန့်ရင်း အဝေးကို ပျံသန်း သွားလေတယ်။

နျင်းချု က ပြန်ထွက်ခွာ ဖို့ပဲ ရှိသေးတယ် အနီးနားက မြက်တော ထဲကနေ တိုးဝှေ့တဲ့ အသံ တရှပ်ရှပ် ဆိုတာ ကို ကြားလိုက် ရလေတယ်။

နဂါးတွေက သူတို့ကိုယ် သူတို့ ဖော်ပြ ပြီးတော့ အနီးနား ကို ကပ်လာကာ သူတို့ က သိလိုစိတ် တွေ၊ သံသယ စိတ်တွေ နှစ်ခုလုံး နဲ့ နျင်းချု ဆီကို လာခဲ့ကြ လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now