အပိုင်း (72)

338 70 0
                                    

(72) ငါ့နောက်ကို မလိုက်ခဲ့နဲ့ (၂)

ဝူးယူး က တစ်ခဏ တော့ တိတ်ဆိတ် သွားလေတယ်။

'' တောင်းပန်ပါတယ် ''

ဝူးယူး သဘောပေါက် သွား တာကတော့ သူတို့ နှစ်ယောက် က အတူတူသွားလာ တဲ့ ဆက်ဆံရေး မျိုး ရှိနေ ပေမယ့် နျင်းချု ရဲ့ မျက်နှာဖုံး ကို သူက တိုက်ရိုက် ချွတ် မိတာ က နျင်းချု ကို သူက တိုက်ရိုက် စိတ်ဆိုးအောင် လုပ်နေ မိတယ် ဆိုတာ ပဲ ဖြစ်တယ်။

သူက နျင်းချုကို အရင်ဆုံး မမေးခဲ့လို့ များလား?

နျင်းချု ရဲ့ အသံက အေးစက် နေခဲ့တယ်။

'' နောက်တစ်ကြိမ် ကို မင်း ဒီလို လုပ်လို့ ကတော့.......မဟုတ်ဘူး နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူး ''

သူက ဝူးယူး နဲ့ သူငယ်ချင်း လုပ်ဖို့ ကတော့ အဆင်ပြေ ပေမယ့် ဒီလူက တစ်ခါ တစ်လေတော့ ဘယ်လိုမျိုး ပြူမူ ဆက်ဆံ ရမလဲ ဆိုတာ ကိုတော့ မသိပါပေ။ သူက ဘာကို လုပ်ချင်တာ လဲ မသိရ သလို ၊ ဘယ်ဟာကို မလုပ်သင့်တာ ကို လုံးဝ မသိပဲလုပ်ချင် တာကို ဇွက်ကနဲ လုပ်လိုက် လေတယ်။

ဝူးယူး ရဲ့ တုံ့ပြန်မှုကို မစောင့်တော့ ပဲ နျင်းချု က လှည့်ထွက် သွားကာ တောရဲ့ အနက်ပိုင်း ထဲကို လမ်းလျောက် ဝင်သွား တော့တယ်။

ဝူးယူး က နျင်းချူ နဲ့ အတူတူ သွားမလို့ လုပ်လိုက်တဲ့ အချိန်မှာ နျင်းချူ က အနောက်ကိုတောင် ပြန်လှည့် မကြည့်ပဲ ပြောလိုက်လေတယ်။

''ငါ့နောက် ကနေ မလိုက်လာနဲ့! ''

ဝူးယူး က ရှေ့ကို ခြေတစ်လှမ်း ပဲ ရွေ့ရ သေးတယ် ချက်ချင်း ပဲ ရပ်လိုက် ပြီးတော့ နာခံ စွာနဲ့ပဲ မလှုပ်မရှား နေခဲ့လေတယ်။ နျင်းချု က မီးတောက်နီ နဂါးကို ရှာဖို့ သွားတယ် ဆိုတာ ကို ဝူးယူး သိလေတယ်။ ပြီးတော့ ဘယ်သူမှ သူ့နောက်ကို လိုက်မလာစေ ချင်ဘူး ဆိုတာ ကိုရောပေါ့။ ဒါပေမယ့် အခုလေးတင် နျင်းချု ပြောလိုက်တဲ့ အသံက သူ့ကို စိတ်အနှောက် အယှက် ဖြစ်နေဆဲပဲ။

အဲ့တာ က ဟူမန်း ဖြစ်ရတဲ့ နာကျင်မှုပဲ။

အောင်းဝ်ဝူလေး က တိတ်တိတ်လေး ပေါ်လာကာ ဝူးယူး ရှေ့က တွဲလောင်း ကျနေတဲ့ သစ်ရွက်တစ်ခု ကို တတိတိ ကိုက်ဝါး နေခဲ့လေတယ်။ ဝူးယူး က သစ်ကိုင်းကို အဝေးဆီ ဖယ်ထုတ် လိုက်ပြီးတော့ အောင်းဝ်ဝူ ရဲ့ ခေါင်းလေးကို ပွတ်ပေး လိုက်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now